DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ အီရတ်မှ ဆုတ်ခွာပြီး စစ်ရေးမစ်ရှင် အဆုံးသတ်
DVB
·
September 30, 2026
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ ဆုတ်ခွာသွားပြီးနောက် လုံခြုံရေးယူနေသည့် အီရတ်တပ်ဖွဲ့ဝင်များ။ (Photo: Reuters)
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ ဆုတ်ခွာသွားပြီးနောက် လုံခြုံရေးယူနေသည့် အီရတ်တပ်ဖွဲ့ဝင်များ။ (Photo: Reuters)
Donate to DVB

အီရတ်နိုင်ငံမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးမစ်ရှင်ဟာ စက်တင်ဘာ ၃၀ ရက်မှာ တရားဝင် ပြီးဆုံးသွားပြီဖြစ်လို့ စက်တင်ဘာ ၃၀ ရက်မှာ အီရတ်နိုင်ငံက ကြေညာလိုက်ပြီး အီရတ်မှာ ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်စခန်းတွေရှိ တပ်တွေကလည်း ထွက်ခွာနေပါတယ်။

အနောက်ပိုင်း အန်ဘာပြည်နယ်က အိန်-အယ်လ်အာဆတ် လေတပ်စခန်းကနေ အမေရိကန်တပ် တွေက ဒီနှစ် ဇန်နဝါရီလ အစောပိုင်းမှာတင် စတင်ဆုတ်ခွာခဲ့ကြပြီး အီရတ်ကြည်းတပ်က အပြည့်အဝ တာဝန်ယူ ထိန်းချုပ်လိုက်ပါပြီ။

ဒါ့အပြင် ဆီးရီးယားဘက်ခြမ်းက အိုင်အက်စ်အဖွဲ့တွေကို တိုက်ထုတ်ဖို့ ကူညီဖို့အတွက် မြောက်ပိုင်း ရှိ တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်ဒေသ၊ အာဘီးလ်မြို့က စစ်စခန်းတွေမှာ အခြေစိုက်ပြီး ကျန်ရှိနေသေးတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေကလည်း သတ်မှတ်ရက်ထက် စောပြီး ဒီလထဲမှာ အပြီးအပိုင် ထွက်ခွာခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ အိုင်အက်စ် အစွန်းရောက်တွေ နယ်မြေတွေ သိမ်းပိုက်လာတုန်းက အီရတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ပြန်ရောက်လာကြပြီး အီရတ်တပ်တွေကို လေကြောင်း၊ ထောက်လှမ်းရေးနဲ့ လေ့ကျင့်ရေးတွေနဲ့ ကူညီပေးခဲ့ကြတာပါ။

အခုတော့ အီရတ်တပ်တွေက လုံခြုံရေးကို အပြည့်အဝ တာဝန်ယူနိုင်ပြီဖြစ်လို့ ၂၀၂၄ ခုနှစ် ကတည်းက ညှိနှိုင်းထားတဲ့အတိုင်း အခုလို အဆုံးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို စစ်ရေးအရ ဆုတ်ခွာသွားကြပေမဲ့ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေး လုံးဝပြတ်စဲ သွားတာ တော့ မဟုတ်ပါဘူး။

နောင်ဆိုရင် နှစ်နိုင်ငံချင်း ဆက်ဆံရေး၊ လုံခြုံရေး၊ ထောက်လှမ်းရေးအပြင် စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ဘက်တွေမှာ ဆက်လက် ပူးပေါင်းသွားကြမှာဖြစ်တယ်လို့ အီရတ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း တပ်တွေဆုတ်ခွာသွားတဲ့အပေါ် ဒေသခံတွေနဲ့ လုံခြုံရေး ကျွမ်းကျင်သူတွေ ကတော့ စိုးရိမ်ချက်လေးတွေ ရှိနေပါတယ်။

အမေရိကန်တပ်တွေ ထွက်သွားရင် အီရတ်နဲ့ ပက်ရှ်မာဂါတပ်တွေအတွက် နည်းပညာ၊ ဒရုန်းနဲ့ အမေရိကန် ထောက်ပံ့ပေးနေကျ ထောက်လှမ်းရေး စွမ်းရည်ပိုင်းတွေမှာ အားနည်းချက်တွေ ရှိလာနိုင်သလို ဖလူဂျာနဲ့ အာဗေးလ်လို ဒေသတွေက ပြည်သူတွေကလည်း အိုင်အက်စ် လက်ကျန် တွေရဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်နေကြကြောင်း ပြောဆိုနေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013