DVB Logo
Home
နိုင်ငံတကာ
ကေပေါ့ပ်အဆိုတော်အဖြစ် Baby Shark Boy ပြန်လာ
DVB
·
August 20, 2026
Photo: THE PINKFONG COMPANY
Photo: THE PINKFONG COMPANY
Donate to DVB

ကလေးဘဝက Baby Shark အကဗွီဒီယိုနဲ့ နာမည်ကြီးခဲ့တဲ့ ကောင်လေးဟာ သူ့ရဲ့ ပထမဆုံး သီချင်းကို ဩဂုတ် ၂၀ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ်က Youtube ရဲ့ သမိုင်းတလျှောက် လူကြည့်အများဆုံး ဗွီဒီယိုအဖြစ် Baby Shark  အကဗွီဒီယိုနဲ့ နာမည်ကြီးခဲ့တဲ့ ကောင်လေးဟာ ၁၀ နှစ်အကြာ အသက် ၁၇ နှစ်အရွယ်မှာ ကေပေါ့ပ်အဆိုတော်အဖြစ် ပြန်လည်မြင်တွေ့ရတာ ဖြစ်ပါတယ်။

ပတ်ဂွန်ရောင်း လို့ခေါ်တဲ့ ဒီကောင်လေးဟာ သူ့ရဲ့ ပထမဆုံး သီချင်းနာမည်ကိုလည်း Baby Shark Boy ဆိုတဲ့ အမည်အောက်ကပဲ သွားခဲ့ပြီး သူ့ကို Baby Shark သီချင်းကိုပိုင်တဲ့ Pinkfong Company က ပံ့ပိုးပေးထားပါတယ်။

ပတ်ဟာ သူ့ရဲ့ ပထမဆုံး သီချင်းခေါင်းစဉ်ကို WAVE လို့ ပေးထားပြီး အဲဒီသီချင်းအဖွင့်ကို Baby Shark သီချင်းအလိုက်နဲ့ စတင်ခဲ့ကာ အီလက်ထရိုပေါ့ပ် မြူးဇစ်တွေနဲ့ သီချင်းကို ဖန်တီးထားပါတယ်။

“Baby Shark အကကနေ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေ ပျော်အောင် လုပ်ပေးနိုင်ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက် လူတွေက ကျနော့်ကို မှတ်မိနေသေးတာကို ကျနော် အရမ်းကျေးဇူးတင်ပါတယ်။ ဒါက ကျနော့်ကို သီချင်းတွေပြန်လုပ်ဖို့ ဆန္ဒဖြစ်စေပါတယ်” လို့ ပတ်ဂွန်ရောင်းက ပြောပါတယ်။

Baby Shark သီချင်းဟာ ၂၀၁၆ ခုနှစ်က စတင်ထွက်ခဲ့တာဖြစ်ပြီး Youtube မှာ ကြည့်ရှုသူ ၁၇ ဒသမ ၂ ဘီလီယံအထိ ရှိပါတယ်။

ဒါဟာ အချိန်တိုင်းအတွက် Youtube မှာ လူကြည့်အများဆုံးစံချိန်ဖြစ်ကာ ဒုတိယနေရာမှာ  Cocomelon ရဲ့ Wheels on the Bus သီချင်းက ၉ ဒသမ ၂ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။

Baby Shark သီချင်းကို အိမ်ဖြူတော်မှာ ဖွင့်ပြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချီးကျူးခဲ့ဖူးပါတယ်။

ဒါ့အပြင် တက်စလာစီအီးအို အီလွန်မတ်စ်ခ်နဲ့ နာမည်ကြီးသူတွေကလည်း Baby Shark သီချင်းနဲ့ ကပြခဲ့ဖူးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013