
ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ မှာ လိဒ်စ်ယူနိုက်တက်က ဘန်လေကို (၃-၁) ဂိုးနဲ့ အနိုင်ရပြီးနောက် တန်းဆင်းဇုန်အန္တရာယ်ကနေ ၉ မှတ်အကွာနဲ့ လွတ်မြောက်သွားပြီလို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။
ဒီပွဲမှာ လိဒ်စ်အတွက် အနိုင်ဂိုးတွေကို အန်တွန်စတက်ရှ်၊ နိုအာအိုကာဖာနဲ့ ဒိုမီနစ် ကယ်လ်ဗတ်လူဝင် တို့က အသီးသီး သွင်းယူပေးခဲ့ပြီး ဘန်လေအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ လူမ်ချာအိုနာက သွင်းယူခဲ့တာပါ။
ဘန်လေအသင်းကတော့ နည်းပြစကော့တ်ပါကာ ထွက်သွားပြီးနောက်ပိုင်း တန်းဆင်းရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
လိဒ်စ်အသင်းကတော့ နည်းပြဒန်နီရယ်ဖာကာရဲ့ ဦးဆောင်မှုအောက်မှာ ၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင် ထားနိုင်ပါတယ်။
လက်ရှိမှာ ရမှတ် ၄၃ မှတ်အထိ ရရှိထားပြီး နယူးကာဆယ်ကို ကျော်ဖြတ်ကာ အဆင့် ၁၃ နေရာကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters










