
မန်ယူအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဒိုမီနစ်ကဲဗတ်လူးဝစ်ဟာ လိဒ်စ်ယူနိုက်တက်အသင်းမှာ စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ရှိနေပါတယ်။
အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အဲဗာတန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးနောက် ပွဲ ၄၉ ပွဲမှာ ဂိုး ၂၀ သွင်းယူထားတာ ဖြစ်ပါတယ်။
ဒီသတင်းကြောင့် ဇန်နဝါရီဈေးကွက်မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အတွက် သတင်းဆိုးတခု ဖြစ်လာပါတယ်။
မန်ယူအသင်းဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဘန်ဂျမင်ရှက်စကိုရဲ့ နေရာမှာ အစားထိုးဖို့ ကဲဗတ်လူးဝစ်ကို စိတ်ဝင်စားနေခဲ့တာပါ။
Photo: Reuters











