DVB Logo
Home
နိုင်ငံတကာ
အမှုရှုံးခဲ့သည့် မင်းသားဟယ်ရီနှင့် နာမည်ကြီးပုဂ္ဂိုလ်များ တရားရုံးစရိတ် ပေါင် ၉  သန်းခွဲကျော် ပေးလျော်ရန် အမိန့်ချခံရ
DVB
·
August 22, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဗြိတိန်မင်းသားဟယ်ရီနဲ့ တရားလို နာမည်ကြီး ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ တရားစွဲဆိုမှုတွေ ရှုံးနိမ့်သွားပြီးနောက်မှာ Daily Mail သတင်းစာ ထုတ်ဝေသူရဲ့ တရားရင်ဆိုင်ခ ကုန်ကျစရိတ်အတွက် တရားရုံးစရိတ် ကြိုတင်ပေးချေမှုအဖြစ် ပေါင် ၉ ဒသမ ၅၄ သန်းကို စိုက်လျော်ပေးရမယ်လို့ လန်ဒန်တရားရုံးချုပ်က ဩဂုတ် ၂၁ ရက်မှာ အမိန့်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့လက တရားသူကြီး မက်သယူး နစ်ကလင်ဟာ ဘုရင်ချားလ်စ်ရဲ့ သားငယ် ဟယ်ရီ၊ အဆိုတော် အယ်လ်တန်ဂျွန်နဲ့ တခြား နာမည်ကြီး ၅ ယောက်တို့ရဲ့ အမှုတိုင်ကြားချက်တွေကို အလုံးစုံ ပယ်ချခဲ့ပါတယ်။

Daily Mail သတင်းစာတိုက်ဟာ သူတို့ရဲ့ဖုန်းလိုင်းတွေကို ခိုးနားထောင်တာ အပါအဝင်  တရားမဝင် လုပ်ရပ်တွေကို အကြီးအကျယ်လုပ်ခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲတိုင်ကြားချက်တွေကို တရားသူကြီးက လုံးဝ ပယ်ချခဲ့တာပါ။

သတင်းစာတိုက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ သတင်းစာတိုက်၊ သတင်းထောက်တွေနဲ့ "သတင်းလွတ်လပ်ခွင့်" အတွက် ပြတ်ပြတ်သားသား အနိုင်ရလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ 

အသက် ၄၁ နှစ်အရွယ် မင်းသား ဟယ်ရီကတော့ ဒီတရားခွင် ဆုံးဖြတ်ချက်ဟာ "မတရား ဘက်လိုက်ပြီး အလိမ်အညာတွေနဲ့ အဖတ်ဆည်ထားတာ" လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013