ပရီးမီးယားလိဂ်ဒါရိုက်တာများ၏ တရားရုံးစရိတ်ကို ကလပ်အသင်းများက ကျခံမည်

မန်ချက်စတာစီးတီးရဲ့ စပွန်ဆာတွေက တရားစွဲလာရင် ပရီးမီးယားလိဂ် ဒါရိုက်တာ ၅ ယောက်ရဲ့ ဥပဒေစရိတ်တွေကို ကျခံပေးဖို့ အသင်းတွေက မဲခွဲဆုံးဖြတ်လိုက်တယ်လို့ BBC Sport က ဖော်ပြပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ မန်စီးတီး အပြစ်ရှိကြောင်း သတ်မှတ်ခံရပြီးနောက် နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အသင်း ၁၈ သင်းက ထောက်ခံမဲပေးခဲ့ပြီး မန်စီးတီးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့က ကန့်ကွက်ခဲ့တာပါ။
စပွန်ဆာတွေဖြစ်တဲ့ Etihad နဲ့ Etisalat တို့က တရားစွဲဖို့ စဉ်းစားနေချိန်မှာ အခုလို ဆုံးဖြတ်လိုက်တာကြောင့် အသင်းအားလုံးမှာ ငွေကြေးတာဝန်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
Source: BBC











