မန်ယူဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီဟာ ဖူဟမ်အသင်းနဲ့ တဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ပေါင် ၇၂ သန်းတန် တိုက်စစ်မှူး ဘန်ဂျမင်ရှက်စကို အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ရှက်စကိုဟာ ခြေသလုံးဒဏ်ရာကြောင့် အဲဒီပွဲစဉ်ကို မကစားနိုင်ဘဲ ကွင်းပြင်ပမှာသာ ထိုင်ကြည့်နေခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီက ရှက်စကို ဝတ်ဆင်တဲ့ သေးငယ်လွန်းတဲ့ ခြေသလုံးကာပတ်တွေအပေါ် မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
သူက အဲဒီလို အကာအကွယ်အသေးလေးတွေ ဝတ်ဆင်တာဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရှက်စကိုရဲ့ ခြေသလုံးဒဏ်ရာ ရရှိမှုအပေါ်မှာလည်း ဝိန်းရွန်နီက တကယ်ဟုတ်မဟုတ် သံသယရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။











