DVB Logo
Home
အားကစား

ဒူးဒဏ်ရာကြောင့် PSG တိုက်စစ်မှူး ဒူဝေး ခွဲစိတ်ကုသမှု ခံယူရမည်

DVB
·
November 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

PSG အသင်းရဲ့ တိုက်စစ်မှူး ဒူဝေးဟာ ညာဘက်ဒူးအရွတ် ပြတ်တောက်တဲ့ဒဏ်ရာကြောင့် ဒီလအတွင်း ခွဲစိတ်ကုသမှု ခံယူရတော့မှာပါ။

နိုက်စ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒူဝေးဟာ ပထမပိုင်းအပြီးသတ်ခါနီးမှာပဲ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွင်းထဲကနေ လူစားလဲပေးခဲ့ရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒူဝေးဟာ ဒီရာသီမှာ PSG အတွက် ၆ ဂိုးအထိ သွင်းယူထားနိုင်သူပါ။ အသင်းရဲ့ အဓိကကစားသမားတယောက် ဖြစ်တဲ့အတွက် အခုလို ဒဏ်ရာရရှိမှုဟာ PSG အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။

PSG အသင်းဟာ လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013