
အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ နေးရှင်းလိဂ်ပွဲမှာ ချက်အသင်းနဲ့ ကစားအပြီး အင်္ဂလန်အတွက် ၁၂၅ ပွဲမြောက် ပါဝင်နိုင်ခဲ့ပါတယ်။
ဒီပွဲကြောင့် သူဟာ ဂိုးသမားဟောင်း ပီတာရှီလ်တန်ရဲ့ ၃၆ နှစ်ကြာ ပွဲအများဆုံးစံချိန်ကို လိုက်မီသွားပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းဟာ အင်္ဂလန်အတွက် ၈၉ ဂိုးအထိ သွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ပွဲအများဆုံး စံချိန်ဟောင်းပိုင်ရှင် ရှီလ်တန်ကတော့ ကိန်းကို လူမှုကွန်ရက်ကနေ ဂုဏ်ပြုခဲ့ပါတယ်။
ကိန်းဟာ ငယ်စဉ်က ဂိုးသမားအဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထိပ်တန်းတိုက်စစ်မှူးအဖြစ် အောင်မြင်လာတာ ဖြစ်ပါတယ်။











