
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘန်ဂျမင်ရှက်စကိုဟာ ခြေသလုံးအရိုး ထိခိုက်မိတဲ့ ဒဏ်ရာကြောင့် အနည်းဆုံး လာမဲ့ ဇန်နဝါရီလအထိ အနားယူရမယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၂၃ နှစ်အရွယ် ရှက်စကိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးစစ်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီကတည်းက ရုန်းကန်ခဲ့ရတဲ့ ဒီဒဏ်ရာကြောင့် လီဗာပူး၊ အာဆင်နယ်တို့နဲ့ ကစားရမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြင် ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲလောက်ကိုပါ သူ လွဲချော်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ မန်ယူအသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ် အဆင့် ၁၆ နေရာအထိ ကျဆင်းနေတာပါ။
အခုလို အဓိက တိုက်စစ်မှူး တယောက်ဖြစ်တဲ့ ရှက်စကို မပါဝင်နိုင်တာက ရာထူးဖြုတ်ခံရဖို့ ဖိအားဝင်နေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ခ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာတယ်လို့ သတင်းတွေက ဆိုပါတယ်။











