DVB Logo
Home
မြန်မာသတင်း
ဆရာ ဆရာမ ထောင်ကျော်လိုအပ်နေသည့် ဧရာဝတီတိုင်း
DVB
·
May 11, 2015
ဆရာ ဆရာမ ထောင်ကျော်လိုအပ်နေသည့် ဧရာဝတီတိုင်း
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆရာ၊ ဆရာမ ၃၀၀၀ ကျော် လိုအပ်နေတယ်လို့ တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးက ပြောပါတယ်။

ဆရာ၊ ဆရာမ တွေကို နှစ်စဉ်ခန့်ထားတာတွေရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်မှုတွေရှိနေသလို တချို့ကို ဒီနှစ်ကျောင်းဖွင့်အမီ ခန့်ထားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးကပြောပါတယ်။

“ကျမတို့က အထက်တန်းပြဆိုလည်း ၈၀၀၊ ၉၀၀ လောက်လိုနေတယ်၊ အလယ်တန်းပြဆိုလည်း ဒီလိုပဲ၊ မူလတန်းပြ ဆိုလည်း ကျမတို့ အပြည့်ခန့်ထားနိုင်တယ်ဆိုပေမယ့်လို့ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တချို့လည်း အလုပ် ထွက်ပြီး အငြိမ်းစားယူတာတွေနဲ့ ရာထူးတိုးသွားတဲ့ အတွက် လစ်လပ်တဲ့နေရာတွေ ကျန်နေတယ်” လို့ သူက ပြောပါ တယ်။

တိုင်းဒေသကြီးအတွင်း လက်ရှိအချိန်ထိ ပညာရေးဝန်ထမ်း အင်အား ငါးသောင်းကျော် ရှိပေမဲ့ ဆရာဆရာမ လိုအပ်မှုတွေ ရှိနေတာဟာ ဘီအီးဒီ ကျောင်းဆင်း နည်းနေတာကြောင့်အပြင် လိုအပ်တဲ့ဆရာဆရာမတွေကို တိုင်းဒေသကြီးကတိုက်ရိုက်ခန့်အပ်လို့မရဘဲ ကန့်သက်ချက်တွေရှိနေတာကြောင့် ဖြစ်တယ်တယ်လို့ လူမှုရေးဝန်ကြီးကပြော ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အထက်တန်းကျောင်းပေါင်း ၃၀၀ ကျော်၊ အလယ်တန်းကျောင်းပေါင်း ၇၀၀ ကျော်နဲ့ မူလတန်းကျောင်းပေါင်း ၅၀၀၀ ကျော်ရှိပါတယ်။

ဆရာဆရာမ အင်အား ၄၀၀၀၀ ကျော်ရှိပြီး ကျောင်းသား ၁၂သိန်း ခန့်ရှိကာ ကျောင်းတက်ရောက်သူနှစ်စဉ် တိုးတက်နေတာကြောင့် စာသင်ကျောင်းမလုံလောက်မှုနဲ့ ဆရာ ဆရာမ မလုံလောက်မှုတွေဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013