DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် သင်တန်းလာတက်သည့် ဆရာ ဆရာမ ၁၃၀ ကျော် ဘူးသီးတောင်၌ပိတ်မိနေ
DVB
·
November 17, 2023
စစ်တွေတွင် သင်တန်းလာတက်သည့် ဆရာ ဆရာမ ၁၃၀ ကျော် ဘူးသီးတောင်၌ပိတ်မိနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ စစ်တွေကို စနစ်သစ်သင်ရိုး သင်တန်းသွားတက်ကြတဲ့ ဆရာ ဆရာမ ၁၃၀ ကျော် ဘူးသီတောင်မှာ ပိတ်မိနေကြောင်း ဆရာ ဆရာမတွေထံက သိရပါတယ်။

ပိတ်မိနေတဲ့ ဆရာမတဦးက “ကျမတို့ မနေ့က ည ၁၁ နာရီမှ ဘူးသီးတောင်ကို ရောက်ကြတယ်။ ဘူးသီးတောင်မြို့ အထက ၂ မှာ နေရာချပေးထားတယ်။ မောင်တောကိုသွားဖို့ ထွေအုပ်ကတဆင့် ဗျူဟာထိ စာတင်ထားတယ်လို့တော့ သိရတယ်။ ဘယ်အချိန်သွားခွင့်ရမလဲ မသိတော့ဘူး။ အခုထိ ဘာမှ အကြောင်းမပြန်သေးဘူး။ ဘူးသီးတောင်-မောင်တောလမ်း လုံခြုံမူမရှိဘူးလို့တော့ ပြောနေကြတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ကားလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ထားလိုက်တဲ့အတွက်  စစ်တွေကို  စနစ်သစ်သင်ရိုး သင်တန်းလာတက်တဲ့ ဆရာ ဆရာမ ထောင်နဲ့ချီပြီး အိမ်မပြန်နိုင်ဘဲ စစ်တွေမြို့မှာ ပိတ်မိနေခဲ့ကြတာပါ။

စစ်တွေမှတဆင့် ဘူးသီးတောင်နဲ့ မောင်တောမှ ဆရာ ဆရာမတွေ နိုဝင်ဘာ ၁၆ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နယ်လုံခွင့်ပြုချက်အရ စက်လှေကြီးတစင်းနဲ့ ဘူးသီးတောင်ကို ညအချိန် ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက “မောင်တောက ဆရာ ဆရာမတွေ မောင်တောကိုပြန်လာဖို့ အခက်အခဲ ရှိနိုင်တယ်ဗျ။ ကျနော်တို့ ကြားထားတာကတော့ ဘူးသီးတောင်ကနေ မောင်တောကို စစ်ကူလာမရအောင် တံတား ၂ စင်းလောက် ဖျက်ခံထားရတယ်လို့တော့ သိထားတယ်။ ဒါပေမဲ့ သွားရောက်မကြည့်နိုင်တဲ့အတွက် အတိအကျတော့ ပြောမရသေးဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်အရုဏ်က ဘူးသီးတောင်မှ မောင်တောကို လက်နက်ထောက်ပို့လာတဲ့ စစ်ကား ၃ စီးကို မောင်တော ၆ မိုင်တံတားအကျော်မှာ အေအေက စီးနင်းတိုက်ခိုက်ရာ လက်နက်တွေနဲ့ ကား ၂ စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ကား ၁ စီး ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့နေ့ကစပြီး မောင်တော-ဘူးသီးတောင်လမ်း ဆက်သွယ်ရေး ပြတ်တောက်ပြီး ဒီနေ့အထိ သွားလာလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013