DVB Logo
Home
မြန်မာသတင်း
Kaung For You ကျောင်းနှင့်ပတ်သက်၍ အဖမ်းအဆီးသတင်းထွက်ပေါ်ပြီးနောက် ကျောင်းတပတ်နားထား
DVB
·
July 13, 2022
Kaung For You ကျောင်းနှင့်ပတ်သက်၍  အဖမ်းအဆီးသတင်းထွက်ပေါ်ပြီးနောက် ကျောင်းတပတ်နားထား
Donate to DVB

Kaung For You Education အွန်လိုင်းအခြေပြုပညာသင်ကျောင်းတည်ထောင်သူနဲ့ ဆရာမတချို့  အဖမ်းခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် လုံခြုံရေးအရ ကျောင်းကို သီတင်းတပတ် နားထားတယ်လို့ သိရပါတယ်။

Kaung For You တည်ထောင်သူ ဆရာကောင်းသိုက်စိုးအဖမ်းခံရတယ်လို့ ဒီနေ့မနက်ပိုင်းမှာ Kaung For You ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတဆင့်ကြေညာခဲ့ပြီး မိနစ် ၅၀ ခန့်အကြာမှာ အဲ့ဒီ Post ကို ဖျက်လိုက်ပြီး ဆရာကောင်းသိုက်စိုးရဲ့ Personal ဖေ့စ်ဘွတ်ခ် အကောင့်တွေကိုလည်း ဖျက်လိုက်တယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက် Kaung For You Page ကနေ ဆရာကောင်းသိုက်စိုး အဖမ်းခံရတဲ့သတင်း အတည်မပြုနိုင်သေးကြောင်း ကြေညာထားပါတယ်။ 

''ဆရာကြီး အဖမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်/ကျွန်မတို့အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ သေချာရင် ဖေဖေမေမေနှင့် သားသားမီးမီးတို့ကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမှာ​ဖြစ်ပါတယ်။ မည်သည့်သတင်းကိုမှ ထိန်ချန်ခြင်း၊ သတင်းအမှောင်ချခြင်းမျိုး လုံးဝ(လုံးဝ)မလုပ်ပါခင်ဗျာ”လို့  Kaung For You ကျောင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။

အခုအခါ ၂၀၂၂-၂၃ ပညာသင်နှစ်ကို ဒီနေ့မှာ စတင်တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို စာသင်ချိန် ၂ ချိန် သင်ကြားပြီးတဲ့နောက်မှာတော့ ဆရာဆရာမတွေက စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ လုံခြုံရေးအရ ကျောင်းတပတ် ပိတ်မယ်လို့ ကြေညာခဲ့ပြီး သက်ဆိုင်ရာအကောင့်တွေကနေ ထွက်ဖို့အတွက် ဆရာဆရာမတွေက ပြောဆိုခဲ့ကြ ပါတယ်။

Kaung For You မှာပညာသင်ပေးနေတဲ့ ဆရာ ဆရာမတွေကိုလည်း စစ်ကောင်စီက လိုက်ဖမ်းနေပြီး ဒီနေ့ ဆရာမ ၅ ယောက်လောက် ဖမ်းဆီးခံရပြီး Laptop ကွန်ပြူတာလည်း အသိမ်း ခံထားရတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

Kaung For You ဆရာမတွေ အရေအတွက် ဘယ်လောက် အဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေမဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘတွေကတော့  သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ 

Kaung For You ဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ကာ စစ်ကောင်စီရဲ့ ကျောင်းတွေကို မထားချင်တဲ့ ကျောင်းသားတွေအတွက် အွန်လိုင်းအခြေပြုသင်ကြားမယ့် ကျောင်းတကျောင်း ဖြစ်ပါတယ်။

အဆိုပါကျောင်းမှာ လက်ရှိ ကျောင်းသား ကျောင်းသူ ၃၀,၀၀၀ ကျော်၊ အွန်လိုင်းကနေ ပညာသင်ယူနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013