DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် အသက်မပြည့်သေးသည့် ၇ တန်းကျောင်းသား ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
July 20, 2022
ပြည်မြို့တွင် အသက်မပြည့်သေးသည့် ၇ တန်းကျောင်းသား ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ အသက်မပြည့်သေးတဲ့  ၇ တန်းကျောင်းသား ၅ ယောက်ကို  ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ည ၉ နာရီကျော်လောက်မှာ ညဈေးတန်းအဟောင်းမှာ အရင်က ထမင်းဆိုင်ဖွင့်တဲ့အိမ်က ကောင်လေးကို စဖမ်းတာ၊ ရဲနဲ့ ၇၅ တပ်က စစ်ကောင်စီတပ်သားတွေ ကား ၅ စီးနဲ့လာဖမ်းတာ။ အဲဒါပြီးတော့ ပုထိုးကြီးရပ်က ကောင်လေးကို ထပ်ဖမ်းတယ်၊ နောက် ပွင့်လှသိမ်ကုန်း အရှေ့ခြမ်းဘက်က ၃ ယောက် ယောက်ကို ထပ်ဖမ်းတယ်၊  စုစုပေါင်း ၅ ယောက်ကို စစ်တပ်နဲ့ ရဲအင်အားများစွာနဲ့ လာဖမ်းသွားတာ။ အဲဒီကလေးတွေအားလုံးက Kaung for You  ကျောင်းတက်နေသူတွေ၊ ဒလန်သတင်းပေးလို့ သိသွားတာ ထင်တယ်” လို့   ပွင့်လှသိမ်ကုန်း ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသားတွေကို ၇၅ တပ်ထဲမှာ စစ်ဆေးနေပြီး မိဘတွေနဲ့ လတ်တလော တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း စစ်ကောင်စီကျောင်းကို မတက်ချင်တာကြောင့် ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ ပြည်မြို့ န၀င်းရပ်ကွက်က အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား တယောက် အပါအဝင် ကျောင်းသူတချို့ကို စစ်ကောာင်စီက ဖမ်းဆီးထားပြီး ကျောင်းပြန်တက်ပါမယ် လက်မှတ်ထိုးသူတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013