
Fox ရုပ်သံရဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ သုံးသပ်သူတွေဖြစ်တဲ့ အဲလက်စ်လာလက်စ်၊ တီယာရီ အွန်နရီနဲ့ ဇလာတန်အီဘရာဟီမိုဗစ် တို့ကြားမှာ တင်းမာမှုတွေ ရှိနေပါတယ်။
အမေရိကန်ဘောလုံးသမားဟောင်း လာလက်စ်နဲ့ ဥရောပဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ အွန်နရီ၊ ဇလာတန် တို့ဟာ ကင်မရာပိတ်ချိန်မှာတောင် အဆင်မပြေကြဘူးလို့ အတွင်းလူတယောက်က ပြောပါတယ်။
သူတို့ရဲ့ အချင်းချင်း မပြေလည်မှုတွေက ပရိသတ်တွေအတွက် ဖျော်ဖြေမှုတခု ဖြစ်နေတာပါ၊ တချို့ပွဲတွေထက်တောင် ပိုစိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုပါတယ်။
ဇလာတန်နဲ့ လာလက်စ် တို့ဟာ လုံးဝကို အဆင်မပြေကြဘူးလို့ အတွင်းလူတယောက်က ပြောပါတယ်။
ဇလာတန်က သူ့အမြင်မှန်ကြောင်း အမြဲပြောတတ်ပြီး အကောင်းဆုံးဖြစ်ကြောင်း ပြသချင်တာပါလို့ ဆိုပါတယ်။ တခါတုန်းက လာလက်စ်က ဗြိတိန်တင်ဆက်သူ ဂျိမ်းစ်ကော်ဒန်ကို အပြင်းအထန် ဝေဖန်တာကြောင့် အွန်နရီတို့ အံ့အားသင့်ခဲ့ကြပါတယ်။
လာလက်စ် မရှိတဲ့ တရက်မှာ အွန်နရီနဲ့ ဇလာတန် တို့က “အမေရိကန်တို့ရေ၊ ကျေးဇူးပဲ” လို့ ပြောခဲ့တာကြောင့်လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။










