
ဆော်ဒီအာရေးဗျနိုင်ငံဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မီတာ ၃၅၀ အမြင့်ရှိ အနာဂတ်အားကစားကွင်း စီမံကိန်းကို ပယ်ဖျက်လိုက်ပါတယ်။
ကုန်ကျစရိတ်တွေ အလွန်အမင်း မြင့်တက်လာတာကြောင့် ထူးခြားဆန်းသစ်တဲ့ ဒီကွင်းသစ် တည်ဆောက်ရေး အစီအစဉ်ကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီစီမံကိန်း ပျက်ပြယ်သွားတာကြောင့် ပေါင် ၂ ဘီလီယံအထိ လေလွင့်ဆုံးရှုးခဲ့ရသလို ဘောလုံးပရိသတ်တွေကြားမှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာပါတယ်။
အိမ်ရှင်ဆော်ဒီအနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားအတွက် အထူးခြားဆုံး အားကစားကွင်းကြီးတခု ဖန်တီးမဲ့ မျှော်လင့်ချက်ကို လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။










