
ဆော်ဒီအာရေဗျနိုင်ငံ၊ မက်ဒီးနာဒေသမှာရှိတဲ့ အရေးပါတဲ့ အရှေ့-အနောက် ရေနံပိုက်လိုင်းကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆော်ဒီရဲ့ အဓိကပြိုင်ဘက် အီရန်ကျောထောက်နောက်ခံပြု ယီမင် ဟူသီအဖွဲ့က နိုဝင်ဘာ ၁၀ ရက်မှာ ငြင်းဆိုလိုက်ပြီး သူတို့က မြို့တော် ရီယာ့ဒ်မှာရှိတဲ့ ပိုက်လိုင်းကိုပဲ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်က မက်ဒီးနာ ဒေသမှာရှိတဲ့ ပိုက်လိုင်း တိုက်ခိုက်ခံခဲ့ရပေမဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ထိခိုက်မှုမရှိဘူးလို့ ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယျာယာ ဆာရီး ကတော့ ဒီစွပ်စွဲချက်ဟာ “ကြီးမားတဲ့ လိမ်ညာမှုနဲ့ လုပ်ကြံဖန်တီးမှု” သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဒါပေမဲ့ မြို့တော် ရီယာ့ဒ်က ဘဏ္ဍာရေးဗဟိုဌာနကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ အပါအဝင် တခြားတိုက်ခိုက်မှုတချို့ကိုတော့ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနကတော့ မြို့တော်ရဲ့ ဘဏ္ဍာရေးဇုန်မှာရှိတဲ့ အာရမ်ကိုတာဝါ ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ နိုဝင်ဘာ ၈ ရက်က သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။
Source: Reuters











