DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနယ်စပ်ရှိ ရွှေလိုက်ဝရွာကို စစ်တပ် ဗုံးကြဲ
DVB
·
August 26, 2026
အိန္ဒိယနယ်စပ်ရှိ ရွှေလိုက်ဝရွာကို စစ်တပ် ဗုံးကြဲ
1 / 2
Photo: CINCDS 
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်ခွဲစည်းမျဉ်းရှိ ပလက်ဝမြို့နယ် ရွှေလိုက်ဝကျေးရွာကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၆ ရက် မနက်ပိုင်းက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပလက်ဝမြို့နယ်နဲ့ ဆိုင်းဟာမြို့နယ် နယ်ခွဲမှာရှိတဲ့ ရွှေလိုက်ဝကျေးရွာကို စစ်အာဏာရှင်လေတပ်က ဩဂုတ်လ ၂၆ ရက်  မနက် ၁၂ နာရီမှာ ၁၀ မိနစ်ဝန်းကျင်မှာ ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံးကြဲသွားတာလို့ ကနဦး သိထားရပြီး အထိအခိုက်ရှိနိုင်တယ်လို့ ပလက်ဝမြို့နယ် ရှင်းလက်ဝ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရွှေလိုက်ဝကို ညက ဗုံးကြဲတိုက်ခိုက်သွားတာ ဟုတ်တယ်။ ကနဦး သတင်းတွေအရတော့ ဂျက်ဖိုက်တာ တစင်းနဲ့ ဗုံးကြဲသွားတာလို့ သိထားရတယ်။ ဆက်သွယ်ရေး ခက်ခဲတော့ အတိအကျ မသိရသေးဘူး။ အဲဒီရွာက အိန္ဒိယနယ်စပ်စည်းမျဉ်ပေါ်မှာရှိတဲ့ရွာ ဖြစ်ပြီး ကုန်သွယ်ရေးအရ အရမ်းအရေးပါတဲ့ ကျေးရွာ ဖြစ်တယ်။ ကုန်သည်တွေနဲ့ စည်ကားတဲ့ ရွာဆိုတော့ အထိအခိုက် ရှိနိုင်တယ်။”

အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွှေလိုက်ဝကျေးရွာဟာ ပလက်ဝမြို့နယ် ရှင်းလက်ဝနဲ့ ဆိုင်းဟာမြို့နယ် ခယ်ခုံကျေးရွာ လမ်းပိုင်းမှာ တည်ရှိတဲ့ နယ်စပ်ကျေးရွာဖြစ်ပြီး မြန်မာနိုင်ငံဘက်အခြမ်းအဆုံးက ကျေးရွာဖြစ်ပါတယ်။

ဩဂုတ် ၂၄ ရက်ကလည်း ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါဝဝင် ၅ ယောက် သေဆုံးပြီး နောက်ထပ် ကလေး ၈ ယောက်အပါအဝင် ၁၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ကုန်သွယ်ရေးအရ အရေးပါတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာဟာ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို တမင်ရည်ရွယ်ပြီး နှောင့်ယှက်လာတာလို့ ရခိုင်နယ်စပ် ကုန်သည်တယောက်က ပြောပါတယ်။

“ရွှေလိုက်ဝရွာ ဗုံးကြဲခံရတယ်လို့ ကျနော်တို့လည်း ကြားထားတယ်။ စစ်တပ်က ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ နယ်စပ်က ကျေးရွာတွေကိုပဲ ဒီရက်ပိုင်း လိုက်ပြီးတော့ ဗုံးကြဲနေတာတွေ ရှိလာတယ်။ အဓိကတော့ အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို နှောင့်ယှက် ဟန့်တားဖို့ ကြိုးပမ်းလာနေတာ ဖြစ်နိုင်တယ်။”

စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ဖို့နဲ့ စစ်ရေးအရ ဖိအားပေးနိုင်ဖို့ ပလက်ဝဒေသကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာလို့ ဒေသတွင်း နိုင်ငံရေး အကဲခတ်တွေအကြား သုံးသပ်မှုတွေရှိနေကြတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ်ကတည်းက ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေ၊ ဆေးဝါးတွေနဲ့ စက်သုံးဆီတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ကုန်သွယ်မှု ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013