
ဘရာဇီး ယူ-၂၀ ပြိုင်ပွဲအဖြစ် အူဘာလန်ဒီယာနဲ့ မာမောရီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နှစ်ဖက်ကစားသမားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် အနီကတ် ၅၃ ကတ်အထိ ပြသခဲ့ရပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ကစားသမား ၄၃ ယောက်နဲ့ နည်းပြအဖွဲ့ဝင် ၈ ယောက်နဲ့ ဘုတ်အဖွဲ့ဝင် ၂ ယောက် စုစုပေါင်း ၅၃ ယောက် အထိ အနီကတ် ပြသခံခဲ့ရတာပါ။
မာမောရီအသင်းက ၃ ဂိုး - ၁ ဂိုးနဲ့ ဦးဆောင်ချိန်မှာ အောင်ပွဲခံ လှောင်ပြောင်ခဲ့ရာကနေ စတင် ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပွဲအတွင်း ကွင်းအတွင်း အဝတ်လဲခန်းတွေနဲ့ ပစ္စည်းကိရိယာတွေ ပျက်စီးခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ရပါတယ်။
အနီကတ်တွေ အများအပြား ထိခဲ့တာကြောင့် ဒုတိယအကျော့ပွဲစဉ်ကို ဆက်လက် မကစားနိုင်တော့ဘဲ ပွဲစဉ်ကို အဆုံးသတ်ခဲ့ရပါတယ်။











