အသက် ၄၆ နှစ်အရွယ် ဘရာဇီးဂန္ထဝင် ကစားသမား ရော်နယ်ဒင်ညိုဟာ ၁၁ နှစ်အကြာ အနားယူခဲ့ပြီးနောက် အီတလီ တတိယတန်းကလပ် ရာဗန်းနားအသင်းမှာ ပြန်လည်ပွဲထွက်ခဲ့ပါတယ်။
ရော်နယ်ဒင်ညိုဟာ ဈေးကွက်မြင့်တင်ရေးတာဝန်ယူဖို့ ရာဗန်းနားအသင်းနဲ့ သဘောတူခဲ့ပေမဲ့ ပထမပိုင်းပွဲချိန် တဝက်လုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်အပေါ် ပရိသတ်တချို့က ကြော်ငြာအကွက်ဆန်းတခုအဖြစ် ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရော်နယ်ဒင်ညိုကတော့ နောက်ထပ်ပွဲတွေမှာ ပြန်လည်ကစားသွားဖို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။
အီတလီကလပ်မှာ သူ့ရဲ့ ပထမဆုံးပွဲထွက်မှုဟာ ပရိသတ်တွေကြား စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့် ရော်နယ်ဒင်ညိုဟာ သူ့ရဲ့ သွင်းဂိုး ၃၀၀ ပြည့်ရေး ရည်မှန်းချက်ကတော့ ပြည့်မသွားခဲ့ပါဘူး။











