ချန်ပီယံလိဂ် ပွဲစဉ်မှာ ရိုးမားအသင်းနဲ့ တဂိုးစီ သရေကျခဲ့ပြီးနောက် ဖီနာဘာချီအသင်းနည်းပြ အိစမေးလ် ကာတီးလ်ဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားပါတယ်။
ကာတီးလ်ဟာ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတင် အသင်းကနေ နုတ်ထွက်ကြောင်းနဲ့ နောက်တကြိမ် ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ကြောင်း ကြေညာသွားခဲ့တာပါ။
ဒီရာသီကမှ အသင်းဆီ စတုတ္ထအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကာတီးလ်ဟာ အသင်းကို ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ကွင်းအတွင်း ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့ ပုလင်းနဲ့ ပစ်ပေါက်ခံရမှုတွေကြောင့် ကာတီးလ်က စိတ်ပျက်ပြီး နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အသင်းဥက္ကဋ္ဌ အာဇစ် ယီဒရင် ကတော့ ကာတီးလ်ဟာ ဖီနာဘာချီအသင်းရဲ့ နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ကြောင်းနဲ့ အသင်းပရိသတ်တွေအနေနဲ့ နည်းပြကို ထောက်ခံပေးကြဖို့ တောင်းဆိုသွားပါတယ်။











