
လူအရိုးခေါင်းတွေကို အလှဆင်ပြီး ဆုတောင်းမှုတွေ ပြုလုပ်တဲ့ အင်ဒီးယန်းရိုးရာ ညာတီတာပွဲတော်ကို ဘိုလီဗီးယားနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။
ကံကောင်းမှုတွေနဲ့ ကာကွယ်မှုတွေ ရရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညာတီတာပွဲတော်ကာလမှာ လူအရိုးခေါင်းတွေကို အလှဆင်ပြီး ဆုတောင်းတာ၊ ကခုန်တာတွေ ပြုလုပ်လေ့ရှိတဲ့ အင်ဒီးယန်းရိုးရာပွဲတော်တခု ဖြစ်ပါတယ်။
ညာတီတာပွဲတော်မှာ အရိုးခေါင်းတွေကို ပန်းအလှဆင်တာ၊ ဦးထုပ်ဆောင်းပေးတာ၊ မျက်မှန်တပ်ပေးတာလိုမျိုး အလှဆင်မှုတွေ ပြုလုပ်ပြီး ကိုကာသစ်ရွက်တွေ၊ စီးကရက်တွေ၊ အရက်တွေနဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ဆုတောင်းမှုတွေ ပြုလုပ်ကြပါတယ်။
နိုဝင်ဘာ ၈ ရက် ရောက်တိုင်း ဒီရိုးရာပွဲကို ပြုလုပ်လေ့ရှိပြီး သူတော်စင်များနေ့ပြီး နောက်ပိုင်း တပတ်အကြာမှာ ပြုလုပ်လေ့ရှိပါတယ်။
ညာတီတာပွဲတော်ကို ပြုလုပ်တာက အိမ်တွေကို အကာအကွယ် ဖြစ်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။
လက်ရှိအချိန်မှာ ဘိုလီဗီးယားရှိ သုသာန် အာဏာပိုင်တွေက ပွဲတော်ကာလမှာ အရိုးခေါင်းတွေကို ပွဲတော်ဆင်နွှဲဖို့ ခွင့်ပြုထားပါတယ်။
ညာတီတာပွဲတော် ကျင်းပတာကို ယုံကြည်သူတွေဟာ ကျန်းမာရေး၊ အလုပ်အကိုင်၊ သူခိုးရန်ကနေ ကင်းဝေးဖို့ အပါအဝင် ကူညီစောင်မမှုတွေရဖို့ ဒီပွဲတော်မှာ တောင်းဆိုကြပါတယ်။
Source: Reuters











