
ဘိုလီးဗီးယားနိုင်ငံတဝန်း ၄၈ နာရီကြာ ပြည်လုံးကျွတ် သပိတ်မှောက်ဆန္ဒပြပွဲ ဒုတိယနေ့က လာပဲ့ဇ် မြို့တော်မှာ ဆရာ၊ ဆရာမတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ပြီး ပဋိပက္ခတွေ ဖြစ်ခဲ့ ပါတယ်။
အယ်လ်အော်တိုမြို့ကလာတဲ့ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဖို့ ကြိုးပမ်းနေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
လူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် တယောက်ထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
နည်းပညာနဲ့ သက်မွေးဝမ်းကျောင်းဆိုင်ရာ အင်စတီကျုတွေကို ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေဆီ လွှဲပြောင်းပေးမဲ့ အစိုးရရဲ့ အစီအစဉ်ကို ဆရာ၊ ဆရာမတွေက ကန့်ကွက်ဆန့်ကျင်နေကြတာပါ။
ဒီအစီအစဉ်ဟာ ပညာရေးကဏ္ဍကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဆီ ဦးတည်သွားစေနိုင်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောဆိုထားပေမဲ့ အစိုးရဘက်က စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
“ပညာရေးကို ပုဂ္ဂလိကပိုင် လုပ်လို့ မရဘူး” လို့ အစီအစဉ်ကို ဆန့်ကျင်တဲ့ ချီတက်ပွဲအတွင်း ဆရာမ တယောက်က ပြောပါတယ်။
ဆရာ၊ ဆရာမများ သမဂ္ဂခေါင်းဆောင် အာနာဟီဘိုဇိုက ဆန္ဒပြသူတွေဟာ သူတို့ ရပ်တည်ချက် အတိုင်း ဆက်ရှိနေတယ်လို့ ပြောခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
Source:Reuters











