
ပိုလန်နဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ မေ ၁၁ ရက်မှာ ဘယ်မိုဝို ပစ်စကီရွာမှာလုပ်တဲ့ SOAR 26 လေ့ကျင့်ခန်းအတွင်း စစ်ဘက်ဆိုင်ရာ ထိခိုက်ဒဏ်ရာရသူတွေကို ရွှေ့ဖို့ ဒီဇိုင်းထုတ်ပြီး AI နဲ့ ပံ့ပိုး ထားတဲ့ အကြီးစားဒရုန်းကို စမ်းသပ်ခဲ့ပါတယ်။
Flowcopter FC-100 မောင်းသူမဲ့လေယာဉ်ဟာ တခြားစစ်သားတွေကို အန္တရာယ်မပြုဘဲ စစ်မြေပြင် ကနေ ဒဏ်ရာရစစ်သားတွေကို တိုက်ရိုက်သယ်ယူပို့ဆောင်နိုင်ပါတယ်။
ဒရုန်းဟာ လျှပ်စစ်ဘက်ထရီတွေအစား ဓာတ်ငွေ့အင်ဂျင်နဲ့မောင်းတဲ့ ဟိုက်ဒရောလစ်ခ်စနစ်ကို သုံးထားလို့ ပိုလေးတဲ့ ဝန်ချိန်တွေကို သယ်နိုင်ပြီး စစ်ဆင်ရေးတွေကြားမှာ အမြန် လောင်စာ ဖြည့်နိုင်ပါတယ်။
သရုပ်ပြရာမှာ “Rescue Randy” လို့ခေါ်ပြီး တကယ်ထိခိုက်ဒဏ်ရာရသူနဲ့ တူတဲ့ စမ်းသပ်ခံ အရုပ် ကို သုံးထားပါတယ်။
Flowcopter က လောင်စာဆီတတိုင်ကီနဲ့ ၆ နာရီအထိ ပျံသန်းနိုင်ပြီး မိုးနဲ့ နှင်းတွေအပါအဝင် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေမှာ လည်ပတ်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်စစ်တပ်က စစ်သားတွေဟာ ဒရုန်းတွေနဲ့ AI နဲ့ ပံ့ပိုးထားတဲ့ ဆေးဘက်နည်းပညာတွေကို သုံးပြီး စစ်မြေပြင်ဘေးကင်းရေး နည်းလမ်းအသစ်တွေကို စမ်းသပ်တဲ့ MEDEVAC ယာဉ်တစီးနဲ့ အတူ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို အသွင်ယူ လေ့ကျင့်ခဲ့ကြပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခြင်းဟာ အာရုံစိုက်မှုကို ဆွဲဆောင် နေပေမဲ့ ဒရုန်းရဲ့ အဓိကအခန်းကဏ္ဍက နေ့စဉ် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေဖြစ်ပြီး AI အထောက်အကူပြု ဒရုန်းက ပျံသန်းနိုင်တယ်လို့ Flowcopter ကို ပူးတွဲတည်ထောင်သူ နီယယ် ကယ်လ်ဒ်ဝဲလ်က ပြောပါတယ်။
စစ်ဆင်ရေးရဲ့ ရည်မှန်းချက်က ထိခိုက်ဒဏ်ရာရသူတွေကို ဘေးလွတ်ရာရွှေ့တဲ့ လုပ်ငန်းတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့နေရာနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကြား ကွာဟချက်ကို ပေါင်းကူး ပေးဖို့ဖြစ်ပြီး စစ်ဘက် ဆေးဘက်ဆိုင်ရာယူနစ်တွေကနေ ထိခိုက်ဒဏ်ရာရသူကို စောင့်ရှောက်မှု နည်းပညာအသစ်တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဂါရက် ကိုက်ပါစ်က ပြောပါတယ်။
Source: Reuters











