
၂၀၂၆ ကမ္ဘာ့ဖလား လက်မှတ်တွေကို ပထမဆုံးအကြိမ် လူထုထံ တိုက်ရိုက်ရောင်းချခဲ့ရာမှာ ဗိုလ်လုပွဲ ကြည့်ရှုခွင့် လက်မှတ် တစောင်ကို အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၁၀,၉၉၀ အထိ သတ်မှတ်ထားတာကို တွေ့ရပါတယ်။
ဒါဟာ ဘောလုံးသမိုင်းမှာ တရားဝင် ရောင်းချတဲ့ လက်မှတ်တွေထဲမှာ ဈေးအကြီးဆုံးအဖြစ် စံချိန် တင် သွားတာပါ။
ကနဦးက ဗိုလ်လုပွဲလက်မှတ် အမြင့်ဆုံးဈေးဟာ ဒေါ်လာ ၁,၅၅၀ သာ ရှိမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အခု အခါမှာတော့ ၇ ဆနီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
လက်မှတ်ဝယ်ယူရာမှာလည်း နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် ပရိသတ်တွေ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသလို အသင်းကြီးတွေရဲ့ ပွဲစဉ်လက်မှတ်တွေကိုလည်း ဝယ်ယူဖို့ အခွင့်အရေး မရခဲ့ကြတာကြောင့် FIFA ရဲ့ ရောင်းချမှုစနစ်အပေါ် ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။











