
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာက နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယလို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအဆောက်အအုံပျက်စီးသွားခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က နှစ်ခြင်း ဘုရားကျောင်းက ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူး”
အင်းတော်ကြီးဒေသမှာ SNA နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိ နေပြီး အခုနှစ်အတွင်း ချောင်းဝကျေးရွာအပါအဝင် ဒေသတဝိုက်မှာတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း ချောင်းဝကျေးရွာက တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ချောင်းဝကျေးရွာက နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို ဘာကြောင့်တိုက်ခိုက်မှုတယ်ဆိုတဲ့ အချက် ကို သီးခြားအတည်ပြုနိုင်တာမရှိသေးသလို SNA ဘက်ကလည်း တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။










