
မန်ချက်စတာစီးတီးအသင်းဟာ အဲဗာတန်အသင်းက ဆနီဂေါ တောင်ပံစတား အီလီမန် အန်ဒေယာ ကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိပါတယ်။
ဒီသဘောတူညီမှုမှာ အခြေခံပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အပြင် ထပ်ဆောင်းကြေး ပေါင် ၅ သန်း ပါဝင်တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ အသက် ၂၆ နှစ်အရွယ် အန်ဒေယာကို ခေါ်ယူဖို့ အဲဗာတန်အသင်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပေမဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာပါ။
ရစ်ချာလီဆန် အဆင်မပြေဖြစ်ခဲ့မှုကြောင့် စပါးအသင်း ပျက်ပြယ်သွားချိန်မှာ မန်စီးတီးအသင်းက ကြားဖြတ် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းကတော့ ချဲလ်ဆီး တောင်ပံကစားသမား မူဒရစ်ကို တရာသီအငှားဖြင့် ခေါ်ယူဖို့ ဆွေးနွေးနေ ပါတယ်။
Photo:Reuters











