DVB Logo
Home
နိုင်ငံတကာ
OIC နိုင်ငံခြားရေးဝန်ကြီးများ ဘဂ္ဂဒက်တွင် တွေ့ဆုံဆွေးနွေး
DVB
·
October 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘဂ္ဂဒက်မြို့မှာ အောက်တိုဘာ ၁၇ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။

၂ ရက်ကြာ ဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အပါအဝင် ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ အီရတ်နိုင်ငံက OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီရဲ့ အလှည့်ကျ သဘာပတိရာထူးကို တူရကီနိုင်ငံဆီကနေ လွှဲပြောင်းရယူခဲ့ပါတယ်။ 

ဒီအခမ်းအနားကို အီရတ်ဝန်ကြီးချုပ် အလီဖာလာအယ်လ်-ဇိုင်ဒီ၊ OIC အတွင်းရေးမှူးချုပ် အစ္စမေးလ်အိုလ်ဒ်ရှိတ် အာမက်နဲ့ ဒေသတွင်း အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ 

အီရတ်ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီက ဖွင့်ပွဲ မိန့်ခွန်းပြောချိန်မှာ ပါလက်စတိုင်း အရေးကိစ္စအပေါ် အီရတ်နိုင်ငံရဲ့ ထောက်ခံမှုကို ထပ်ပြောခဲ့ပြီး၊ ဒီကိစ္စရပ်ဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အဓိကကျတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် ပါလက်စတိုင်း ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ အစ္စလာမ်ဘာသာရေးဆိုင်ရာ သန့်ရှင်းမြင့်မြတ်တဲ့ နေရာတွေကို ကာကွယ်စောင့်ရှောက်ဖို့ကို လည်း တိုက်တွန်းပြောပါတယ်။

ဒါ့အပြင် အီရတ်ဝန်ကြီးချုပ်က အဖွဲ့ဝင်နိုင်ငံတွေကြား စီးပွားရေး ပေါင်းစည်းမှုကို အားကောင်းလာစေဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်တရပ်ကိုလည်း တင်ပြခဲ့ပါတယ်။ 

ဒီအဆိုပြုချက်မှာ စွမ်းအင်ကွန်ရက်တွေ၊ မီးရထားလမ်းတွေ၊ သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေ ချိတ်ဆက်ဆောင်ရွက်ရေးတို့ ပါဝင်ပြီး၊ ဒီလို ပိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ သူက ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013