DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပသည့် တမန်တော်မိုဟာမက် မွေးနေ့ပွဲ လူ ၄ သန်းခန့် တက်ရောက်
DVB
·
August 27, 2026
Photo: REUTERS/Kazi Salahuddin
Photo: REUTERS/Kazi Salahuddin
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ စစ်တကောင်းရဲ့ လမ်းတွေပေါ်မှာ သြဂုတ် ၂၆ ရက်က လူပေါင်း သိန်းချီ စုဝေးခဲ့ပြီး တမန်တော်မိုဟာမက်ရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့ကြပါတယ်။

စစ်တကောင်းမြို့က အဓိကလမ်းမကြီးတွေဟာလည်း ဘာသာရေးအခမ်းအနားကြီးမှာ ပါဝင်ဆင်နွှဲသူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

စီစဉ်သူတွေက ဒီအခမ်းအနားကို နိုင်ငံရဲ့ အကြီးမားဆုံးစုဝေးမှုတွေထဲက တခုအဖြစ် ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ကျောင်းသား အစ်မ်တီယက်ဇ် ချောင်ဒူရီက “မင်္ဂလာရှိတဲ့ အခါသမယ” မှာ ပါဝင်ရလို့ ဝမ်းမြောက်မိတယ်” လို့ ပြောပါတယ်။

ဆွန်နီမွတ်စလင်တွေ၊ ပါကစ္စတန် ဘာသာရေးခေါင်းဆောင်နဲ့ ဝါရင့် နိုင်ငံရေးသမား ဆေ့ဒ် မိုဟာမက် ဆာဘီယာ ရှားရဲ့ နောက်လိုက်တွေလည်း အခမ်းအနားကို တက်ခဲ့ပါတယ်။

သူတို့မိသားစုက ဆယ်စုနှစ်များစွာကတည်းက နှစ်စဉ်ကျင်းပနေကျ ဒီအခမ်းအနားနဲ့ ဆက်စပ်နေခဲ့တယ်လို့ ပွဲ စီစဉ်သူတွေက ပြောပါတယ်။

စီတန်းလှည့်လည်ပွဲမှာ စေတနာ့ဝန်ထမ်းတွေက လမ်းကြောင်းတလျှောက် ပါဝင်သူတွေကို အစားအသောက်နဲ့ အဖျော်ယမကာတွေ ဝေငှပေးခဲ့ပါတယ်။

ကြီးကြီးမားမား လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်တွေ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အာဏာပိုင်တွေက လူ ၄ သန်းလောက် ပွဲတက်ခဲ့တယ်လို့ ပြောပါတယ်။

စီတန်းလှည့်လည်ပွဲဟာ ရှားရဲ့ နောက်လိုက်တွေ ဦးစီးတဲ့ အစ္စလာမ်ဘာသာရေးသင်တန်းကျောင်းမှာ ရှားရဲ့ တရားဒေသနာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

တရားဒေသနာအတွင်း ရှားက ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပြီး တမလွန်ဘဝအတွက် ပြင်ဆင်နေချိန်မှာ တမန်တော်မိုဟာမက်ရဲ့ သွန်သင်ချက်တွေနဲ့ ကုရ်အာန်ကျမ်းတော်မြတ်အတိုင်း နေထိုင်ကြဖို့ နောက်လိုက်တွေကို တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013