DVB Logo
Home
အားကစား
ကာရစ်က မန်ယူနည်းပြဖြစ်ရန် အဆင်သင့်ဖြစ်နေဟု ဘရူနိုဖာနန်ဒက်စ် ချီးကျူး 
DVB
·
April 25, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ နည်းပြချုပ်တာဝန်ယူဖို့ အစောကြီးကတည်းက အဆင်သင့် ဖြစ်နေသူဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောလိုက်ပါတယ်။

ကာရစ်ဟာ ရူဘင်အမော်ရင်ထွက်ခွာပြီးနောက် အသင်းကို တာဝန်ယူရာမှာ ၁၂ ပွဲမှာ ၈ ပွဲနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး အဆင့် ၃ နေရာအထိ ရောက်အောင် ပို့ဆောင်ပေးထားတာပါ။

ဘရူနိုက ကာရစ်ဟာ အသင်းသားတွေကြား လိုအပ်နေတဲ့ စွမ်းအင်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့သလို အသင်းရဲ့ ပတ်ဝန်းကျင်တခုလုံးကိုပါ ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ဘရူနိုဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီကလပ်ရဲ့ ပေါင်သန်း ၂၀၀ တန် ကမ်းလှမ်းမှုကို ပယ်ချပြီး ယူနိုက်တက်မှာပဲ ဆက်နေခဲ့တာဟာ အသင်းအပေါ် ပေးဆပ်ချင်တဲ့စိတ်ကြောင့် ဖြစ်တယ် လို့လည်း ပြောကြားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013