DVB Logo
Home
မြန်မာသတင်း

မြန်မာ့မြေရှားသတ္တုတူးဖော်ရေးတွင်သုံးသည့် ဓာတုပစ္စည်းများတင်ပို့မှုကို ထိုင်းက ပိတ်ပင်ရန် စီစဉ်နေ

DVB
·
November 23, 2026
Photo: 2025 Planet Labs PBC/Handout via REUTERS
Photo: 2025 Planet Labs PBC/Handout via REUTERS
Donate to DVB

နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတဲ့အတွက် မြန်မာနိုင်ငံကို တင်ပို့နေတဲ့ မြေရှားသတ္တုတူးဖော်ရေးသုံး ဓာတုပစ္စည်းတွေ တင်ပို့မှုကို ရပ်ဆိုင်းဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ “ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးချဖို့” ရည်ရွယ်တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ တခြား “သက်ဆိုင်ရာနိုင်ငံတွေ” ဆီကို ဦးတည်နေတဲ့ မြေရှားသတ္တုထုတ်လုပ်မှုတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချာနန် ဝေါင်ဆာဝပ်က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ သူက ရှင်းမပြခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ နိုဝင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အစိုးရက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံဘက်မှာ အလွန်အကျွံ မြေရှားသတ္တုတူးဖော်နေတာတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်ချောင်းတွေ ညစ်ညမ်းမှုနဲ့ ဆက်စပ်နေပါတယ်။

နယ်စပ်တဖက်ခြမ်းက စည်းကမ်းမဲ့ မြေရှားသတ္တုထုတ်ယူမှုတွေကနေ စီးဆင်းလာတဲ့ အဆိပ်သင့် သတ္တုအညစ်အကြေးတွေနဲ့ အာဆင်းနစ်အဆိပ်ဓာတ်တွေကို တိုက်ဖျက်ဖို့အတွက် ကော့မြစ် ရဲ့ ထိုင်းဘက်အခြမ်းကို “ညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်” အဖြစ် သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ အစိုးရက နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013