
ဒေသတွင်းက စွမ်းအင်ထုတ်ကုန်တွေ တင်ပို့ဖို့နဲ့ ကုန်စည်တွေ ပင်လယ်ကွေ့ဆီ ရောက်ရှိစေဖို့ ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝဖွင့်လှစ်နိုင်စေရေးအတွက် မတူညီတဲ့အဖွဲ့တွေနဲ့ အဆက်အသွယ်တွေ ဆက်လုပ်နေတယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၆ ရက်မှာ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အပတ်စဉ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဂျစ် အယ်လ်-အန်ဆာရီ က ရေလက်ကြားရဲ့ အရေးပါမှုကို အလေးပေးပြောခဲ့တာပါ။
ကမ္ဘာတဝန်းလုံးဟာ တနေရာကနေ တနေရာဆီ ဝင်လာတဲ့ ဒီသင်္ဘောတွေပေါ်မှာ မှီခိုနေရတာပါ။ ပင်လယ်ကွေ့တခုတည်း မဟုတ်ပါဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို တိုက်ခိုက်ချိန်ကစပြီး စစ်ပွဲအတွင်း လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အီရန်မှာ ရှိနေသူတွေပါ။
ဒီစစ်ပွဲက အကြီးမားဆုံး ရေနံအထောက်အပံ့ ပြတ်တောက်မှုကို ဖန်တီးခဲ့ပြီး ကမ္ဘာ့ကုန်ဈေးနှုန်း တွေကို မြင့်တက်စေခဲ့ပါတယ်။
Source: Reuters










