
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ရာထူးက နုတ်ထွက်ကြောင်း ဇူလိုင် ၃၁ မှာ သူကိုယ်တိုင်ထုတ်ပြန်လာပါတယ်။
ဦးအောင်ကျော်မိုးဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဦးဆုံး ရိုဟင်ဂျာ ဝန်ကြီး တယောက်အဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။
အခုလို နုတ်ထွက်ရတာဟာ NUG ဒါမှမဟုတ် ခေါင်းဆောင်ပိုင်းနဲ့ သဘောထားကွဲလွဲမှုနဲ့ ပဋိပက္ခ တွေကြောင့် မဟုတ်ဘဲ၊ လက်ရှိကာလမှာ ရိုဟင်ဂျာလူမျိုးတွေရဲ့ အမျိုးသားရေး ရပိုင်ခွင့်တွေနဲ့ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်တွေ ဂုဏ်သိက္ခာနဲ့ ရေရှည်အကျိုးစီးပွားအတွက် ပိုမိုအာရုံစိုက် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
လာမဲ့ကာလတွေမှာလည်း ရိုဟင်ဂျာခေါင်းဆောင်မှုကို အားကောင်းစေဖို့အပါဝင် NUG နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းပြီးဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်လက် ပူးပေါင်းပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ လည်း ဆိုပါတယ်။










