DVB Logo
Home
မြန်မာသတင်း

ဒေါက်တာဝင်းမြတ်အေး NUG ပြည်ထောင်စုဝန်ကြီး တာဝန်မှ အနားယူ

DVB
·
November 24, 2026
Photo: Prof Win Myat Aye’s Facebook
Photo: Prof Win Myat Aye’s Facebook
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုအပ်လာတဲ့အတွက် ပြည်ထောင်စုဝန်ကြီး တာဝန်ကနေ အနားယူလိုက်ပြီး အထူးအကြံပေးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ NUG က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေါက်တာဝင်းမြတ်အေးဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကျန်းမာရေးအရ အနားယူခွင့် တင်ပြခဲ့ တာဖြစ်ပြီး ၆ လလောက် ဆေးခွင့်ခံစားခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက်မှာ ပြည်ထောင်စု ဝန်ကြီးချုပ်က တာဝန်ကနေ အနားယူခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေမှာ အထူးအကြံပေးအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ နိုဝင်ဘာ ၅ ရက်မှာ တာဝန်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ရာထူးကနေ အနားယူတာဟာ နွေဦးတော်လှန်ရေးအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကနေ အနားယူတာ မဟုတ်ဘဲ ကျန်းမာရေးအခြေအနေအရ တာဝန်ယူမှု အခန်းကဏ္ဍကို ပြောင်းလဲတာသာ ဖြစ်တယ်လို့လည်း NUG က အသိပေးထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013