တက္ကသိုလ်ကြေးတွေ ဖယ်ရှားပေးဖို့ အပါအဝင် ပိုကောင်းတဲ့ အခြေအနေတွေကို တောင်းဆိုဖို့ ပေါ်တူဂီ ကျောင်းသား ထောင်ပေါင်းများစွာဟာ လစ်စဘွန်းမြို့မှာ မတ် ၂၄ ရက်က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းသား ဒေးဗစ်တယ်လက်တီက “ဒီအစိုးရဟာ ကျောင်းသားတွေအတွက် မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်၊ ဒီအစိုးရကို ကျနော်တို့ ပေးရမယ့်အရာက အဓိကအားဖြင့် တိုက်ပွဲဝင်ဖို့ပါပဲ" လို့ ပြောပါတယ်။
ပေါ်တူဂီနိုင်ငံမှာ ကာလကြာ အိမ်ရာအကျပ်အတည်းကြောင့် လူငယ်တွေအနေနဲ့ လွတ်လွတ်လပ်လပ် နေဖို့ ဒါမှမဟုတ် မိသားစုဘဝကို စတင်ဖို့ ပိုခက်ခဲလာနေပါတယ်။
ကျောင်းသားအများအပြားက အထူးသဖြင့် လစ်စဘွန်းနဲ့ ပေါ်တိုလို အဓိကမြို့ကြီးတွေမှာ ပညာသင်ကြားနေချိန်မှာ အိမ်ငှားခပေးဖို့ ရုန်းကန်နေရပြီး အစိုးရတက္ကသိုလ်တွေမှာ ပညာသင်ကြားခပေးဖို့ ဝန်ထုပ်ဝန်ပိုးနဲ့လည်း ရင်ဆိုင်ရပြီး ကျောင်းလခ အခမဲ့ဖြစ်သင့်တယ်လို့ ပြောဆို ငြင်းခုံနေကြပါတယ်။
Source: Reuters










