DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာ ရေဘေးဒုက္ခသည်များကို သွားရောက်လှူဒါန်းသည့် လူငယ် ၁ ဦး ရေစီးဖြင့် မျောပါ သေဆုံး
DVB
·
August 6, 2026
Photo: လူမှုကူညီကယ်ဆယ်ရေးအဖွဲ့
Photo: လူမှုကူညီကယ်ဆယ်ရေးအဖွဲ့
Donate to DVB

ရေလွှမ်းမိုးတဲ့ဒဏ် ခံနေရတဲ့ ​ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ရေဘေးဒုက္ခသည်တွေကို သွားလှူဒါန်းတဲ့ အဖွဲ့က လူငယ်တယောက် ရေစီးနဲ့ မျောပါ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

သြဂုတ် ၅ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာက ရေဘေးဒုက္ခသည်တွေကို ထမင်းထုပ်တွေ သွားလှူဒါန်းတဲ့အဖွဲ့က အသက် ၂၀ ကျော်အရွယ် လူငယ်ဟာ ရေစီးအရှိန်နဲ့ ပါသွားပြီး ရေနစ် သေဆုံးသွားတာလို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတယောက်က “ထမင်းထုပ်တွေ လာလှူရင်း ဖြစ်တာ။ တကယ့်ဝမ်းနည်းဖွယ်ဖြစ်ရပ်ပါ။ ထမင်းတွေကို လိုက်ဝေတာပေါ့နော်။ ရေစီးက တအားသန်တော့ ပါသွားတာ။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လိုက်ရှာတယ်။ အသက်မမီလိုက်ဘူး” လို့ ပြောပါတယ်။

သေဆုံးလူငယ်ရဲ့ အလောင်းကို ​ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက ပူးပေါင်း လိုက်လံရှာဖွေခဲ့ကြပြီး နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့ပါတယ်။

လေးမျက်နှာ ရေဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းရင်း သေဆုံးသွားတဲ့ လူငယ်ဟာ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူလို့ သိရပါတယ်။

ဩဂုတ် ၄ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၇၀ အရွယ် အဘွားအိုတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013