
ဟော်မုဇ်အတွက် မိုင်းရှင်းလင်းရေး သင်္ဘော ၂ စင်းကို ပင်လယ်နီမှာ တပ်ဖြန့်ထားမယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဂျာမနီဝန်ကြီးက “ကျနော်တို့ မိုင်းရှင်းလင်းရေးသင်္ဘော ဖူလ်ဒါနဲ့ အကူအညီပေးမဲ့သင်္ဘော မိုဆယ် တို့ကို စူးအက်တူးမြောင်းကို ဖြတ်ပြီး ပင်လယ်နီမှာ တပ်ဖြန့်ထားမှာပါ” လို့ ပြောပါတယ်။
ဟော်မုဇ်မှာ မိုင်းရှင်းလင်းရေးကိစ္စတွေကို ဆောင်ရွက်ဖို့ အီရန်နဲ့ အိုမန်နိုင်ငံတို့ရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့လည်း ဂျာမန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ဟော်မုဇ်နဲ့ပတ်သက်တဲ့ တခြားဆောင်ရွက်ဖွယ်ကိစ္စတွေကလည်း အမေရိကန်နဲ့ အီရန်တို့ ဆွေးနွေးမှုအပေါ်မှာ မူတည်တယ်လို့ သူက ထပ်မံပြောခဲ့ပါသေးတယ်။
ဂျာမနီနည်းတူ အီတလီ မိုင်းရှင်းသင်္ဘောကလည်း အရှေ့အာဖရိက,ကနေ ထွက်ခွာလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း သင်္ဘောတွေ စေလွှတ်ဖို့ အသင့်ပဲလို့ ဇွန် ၁၆ ရက်က ထုတ်ဖော် ပြောဆိုထားပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ တရက်ကို ရေနံစည် သန်း ၂၀ ဖြတ်သန်းလေ့ရှိတာဖြစ်ပြီး ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ အီရတ်နဲ့ အီရန်တို့က အများဆုံး အသုံးပြုနေပါတယ်။
Source: Reuters










