DVB Logo
Home
နိုင်ငံတကာ

ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်ကြီးနှင့် ပွဲတော်ကာလကို ဂျာမနီ စတင်

DVB
·
November 24, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်ကြီးကို ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့မှာ နိုဝင်ဘာ ၂၃ ရက်က စပြီး အလှဆင်ထားကာ လူရာပေါင်းများစွာကို ဆွဲဆောင်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

၄၅ မီတာ အမြင့်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ခရစ္စမတ်သစ်ပင် တခုလုံးကို အပင်အစစ်တွေနဲ့ ဖန်တီး ထားတယ်လို့ ပြောကြပေမဲ့ တကယ်ဟုတ်မဟုတ်တော့ အတည်ပြုထားတာမျိုး မရှိသေးပါဘူး။

ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင် ဖန်တီးမှုကို အနီရောင်ထင်းရှူးပင်ပေါင်း ၁,၂၀၀ အသုံးပြုထားပြီး တန်ချိန် ၄၀ ရှိပါတယ်။

ဒီခရစ္စမတ်သစ်ပင်ထိပ်ဆုံးမှာ ၄ မီတာအမြင့်ရှိတဲ့ နတ်သမီးရုပ်ပါရှိပြီး သစ်တပင်လုံးကို LED မီး ၁၃၈,၀၀၀ နဲ့ အလှဆင်ထားပါတယ်။

ဒေါ့မွန်မြို့ကို ခရစ္စမတ်မြို့လို့ လူသိများပြီး ၁၉၉၆ ခုနှစ်က စလို့ နှစ်တိုင်း ခရစ္စမတ်သစ်ပင်ကို ခရစ္စမတ်ဈေးအလယ်မှာ တည်ဆောက်လေ့ရှိပါတယ်။

ဒေါ့မွန်မြို့နည်းတူ ဘာလင်မှာလည်း ခရစ္စမတ်ပွဲတော် အငွေ့အသက်တွေ ခံစားနေရပြီး ခရစ္စမတ် ဈေး ပြုလုပ်ကြပါတယ်။

ဘာလင်မြို့မှာတော့ ခရီးသွားတွေ လည်ပတ်မှုများတဲ့ ဂန်ဒါမန်မာ့ခ်မှာ ခရစ္စမတ်ဈေး ပြုလုပ်လေ့ရှိ ပါတယ်။

ဂျာမနီနိုင်ငံမှာ ခရစ္စမတ်ပွဲတော် မရောက်မီ နိုဝင်ဘာကတည်းက ခရစ္စမတ်ဈေးပွဲတော် ဆင်နွှဲလေ့ရှိကာ ဝိုင်တွေ သောက်ပြီး အပေါင်းအသင်းတွေနဲ့ ဖြတ်သန်းလေ့ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013