
ယူကရိန်းရဲ့ အနာဂတ်ကို ယူကရိန်းအစိုးရကသာ ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဂျာမနီနိုင်ငံက နိုဝင်ဘာလ ၉ ရက်မှာ ထပ်ပြောလိုက်ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံနဲ့လုပ်မဲ့ ဘယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာမဆို ဥရောပအနေနဲ့ ပါဝင်ခွင့်ရှိရမယ်လို့လည်း ဂျာမနီက အလေးပေးပြောပါတယ်။
ပါရီမြို့တော်မှာ ကျင်းပတဲ့ G7 အစည်းအဝေးအတွင်း ဂျာမနီနိုင်ငံခြားရေးရာ တာဝန်ရှိသူ ယောဟန် ဝါဒီဖူးလ်က ခုလိုမှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
ဒီအစည်းအဝေးထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့လည်း သူက ဆွေးနွေးခဲ့ပါတယ်။
ရူဘီအိုနဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဝါဒီဖူးလ်က နောက်ဆုံးမှာ ဥရောပအနေနဲ့ ဆွေးနွေးပွဲဝိုင်းမှာ ပါဝင်ခွင့် ရှိရမယ်ဆိုတဲ့ အချက်အပေါ် နှစ်ယောက်စလုံး တူညီတဲ့ နားလည်သဘောပေါက်မှု ရှိကြတာ သေချာတယ်လို့ ပြောပါတယ်။
ဒီကိစ္စက ဥရောပရဲ့ ရပ်တည်ချက်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး၊ ရပ်တည်ချက်တွေကို အခုတကြိမ် ထပ်ရှင်းပြတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် “ရုရှားနိုင်ငံအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အမှန်တကယ် အသင့်ရှိမရှိကို ဆုံးဖြတ်ဖို့ လိုတယ်ဆိုတာ ဂျာမနီနဲ့ အမေရိကန်တို့ သဘောတူခဲ့ကြတယ်လို့ ဝါဒီဖူးလ်က ဖြည့်စွက်ပြောခဲ့ပါတယ်။
“လက်ရှိအချိန်အထိတော့ ကျနော်တို့အနေနဲ့ အသင့်ရှိနေတာကို မတွေ့ရသေးပါဘူး”လို့ ဝါဒီဖူးလ်က ထပ်ပြောပါတယ်။
Source: Reuters











