
အာဆင်နယ်အသင်းဟာ ဘုန်းမောက်ကွင်းလယ်လူ အဲလက်စ်စကော့ကို ခေါ်ယူဖို ကမ်းလှမ်းခဲ့ပေမဲ့ ဘုန်းမောက်ဘက်က ငြင်းပယ်လိုက်ပါတယ်။
ဘုန်းမောက်အသင်းကတော့ အဲလက်စ်စကော့ကို ရောင်းချမှာမဟုတ်ဘူးလို အခိုင်အမာ ပြောကြား ထားပါတယ်။
ကစားသမားကို စာချုပ်သစ် ကမ်းလှမ်းဖို့လည်း ရည်ရွယ်ထားတာပါ။ ဒီအခြေအနေကြောင့် အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းရေး အစီအစဉ်တွေ အခက်တွေ့နေတာပါ။
အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် နယူးကာဆယ်က ဘရူနိုဂီမာရက်စ်ကို ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံထားရပါတယ်။ သူတို့ ထပ်မံကမ်းလှမ်းဖို့လည်း ရှိနေပါတယ်။
စပတ်စ်ကလည်း စိတ်ဝင်စားနေတဲ့ ဆန်ဒရိုတိုနာလီကို အာဆင်နယ်စာရင်းထဲ ထည့်ထားပါတယ်။ ဝက်စ်ဟမ်းက မာတီယပ်စ်ဖာနန်ဒက်စ်နဲ့ လိုင်လီက အေယွတ်ဘူအာဒီတိုလည်း အာဆင်နယ်ရဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။
အဲလက်စ်စကော့ကို မန်ယူ၊ စပတ်စ်နဲ့ ချယ်လ်ဆီးတိုကလည်း စိတ်ဝင်စားနေပြီး သူ့ရဲ့ တန်ကြေးက ပေါင် ၈၀ သန်းနီးပါး ရှိပါတယ်။
Photo:Reuters










