ကလပ်သမိုင်းတလျှောက် ပထမဆုံး ဥရောပပွဲစဉ်အဖြစ် ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ်ပွဲမှာ ဘုန်းမောက်အသင်းက ရီးရဲလ်ဆိုစီဒက်အသင်းကို အနိုင်ရရှိသွားပါတယ်။
ပထမပိုင်းမှာ ဘုန်းမောက်အသင်းက ဖိအားပေး ကစားပြီး ကလိုင်ဗာ့တ်နဲ့ ရာယန်တို့က ဦးဆောင်ဂိုးတွေ အသီးသီး သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဆိုစီဒက်အသင်းဘက်က ဆာဂျီယို ဂိုမက်ဇ်က ချေပဂိုး တဂိုး ပြန်သွင်းခဲ့ပါတယ်။
ဆိုစီဒက်ရဲ့ တိုက်စစ်ဆင်မှုတွေကို ဘုန်းမောက်ဂိုးသမား ပက်ထရိုဗစ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ဘုန်းမောက်တို့ အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ဘုန်းမောက်ဟာ ဥရောပပြိုင်ပွဲ မိတ်ဆက်ပွဲမှာပဲ အမှတ်တရနိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။











