မြောက်ကိုရီးယားအချုပ်အခြာအာဏာကို လေးစားသည့် နိုင်ငံများနှင့် ပိုမိုပူးပေါင်းမည်ဟု ကင်မ်ဂျုံအန်း ပြော
မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားတဲ့ နိုင်ငံအားလုံးနဲ့အတူ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောလိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က နိုဝင်ဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။
နိုင်ငံအသီးသီးက အသစ်ခန့်အပ်ထားတဲ့ သံအမတ်ကြီးတွေဆီက သံတမန်ခန့်အပ်လွှာတွေကို လက်ခံရယူပြီးတဲ့နောက် ကင်မ်ဂျုံအန်းက ခုလို ပြောလိုက်တာပါ။
အရှေ့အာရှဒေသရဲ့ လုံခြုံရေးအခြေအနေအရ မြောက်ကိုရီးယားအနေနဲ့ လုံခြုံရေးစွမ်းရည်တွေကို ခိုင်မာအောင်လုပ်ထားဖို့နဲ့ အကျိုးစီးပွားတွေ ကာကွယ်ပိုင်ခွင့်ကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တယ်လို့ ကင်မ်က ပြောပါတယ်။
မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး မိမိတို့အပေါ် ခင်မင်ရင်းနှီးမှုရှိတဲ့ တခြားနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ခိုင်မာစေဖို့ မြောက်ကိုရီးယားအနေနဲ့ အသင့်ရှိနေတယ်လို့လည်း KCNA သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters











