
မြောက်ကိုရီးယားနိုင်ငံဟာ ပြုံယမ်းမြို့တော်က သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ရှုပ်ထွေးစုံလင်တဲ့ အဆောက်အအုံမှာ ဆေးဝါးထုတ်ကုန် ပြပွဲတခုကို ဖွင့်လှစ်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။
လာကြည့်သူတွေက “ကိုရီးယားရိုးရာဆေးဝါး စက်ရုံထုတ်ကုန်များပြပွဲ-၂၀၂၆” ကို လှည့်လည် ကြည့်ရှုနေပုံနဲ့ နိုဝင်ဘာ ၁၃ ရက်ကလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်နေပုံတွေကို KCNA က ပေးပို့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။
ဒီပြပွဲမှာ ကိုရီးယားရိုးရာဆေးဝါး အမျိုးအစားပေါင်း ၃၅၀ ကျော်က ထုတ်ကုန်အရေအတွက် ၁ ဒသမ ၃၆ သန်းကျော်ကို ပြသထားတယ်လို့ KCNA က ပြောပါတယ်။
ဒီထုတ်ကုန်တွေကို ဂျန်စု ကိုရီးယားရိုးရာဆေးဝါးစက်ရုံ၊ ကန်ဂျီ ကိုရီးယားရိုးရာဆေးဝါး ပြုပြင်ထုတ်လုပ်ရေးစက်ရုံနဲ့ ဆင်းယန်ခရိုင်က မသန်စွမ်းစစ်မှုထမ်းဟောင်းတွေရဲ့ ကိုရီးယားရိုးရာ ဆေးဝါးစက်ရုံ အပါအဝင် ယူနစ်ပေါင်း ၁၉၀ ကျော်က ထုတ်ကုန်တွေကို တင်ဆက်ပြသထားပါတယ်။
ဒါ့အပြင် ဒီပြပွဲမှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အောင်မြင်မှုတွေ၊ ထုတ်လုပ်မှု အတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်ဆွေးနွေးသွားမယ်လို့ KCNA က ပြောပါတယ်။
Source: Reuters











