DVB Logo
Home
မြန်မာသတင်း
မကွေးဖက်ဒရယ်ယူနစ်က ဒေသအခြေပြုတပ်များစုဖွဲ့ပြီး စစ်ရေးလှုပ်ရှားမှု စတင် 
DVB
·
May 28, 2026
သရက်ခရိုင်တပ်ရင်း ၄ ရဲဘော်များကို အခုနှစ် ဇန်နဝါရီက တွေ့ရစဉ်။ (Photo : သရက်ခရိုင်တပ်ရင်း ၄)
သရက်ခရိုင်တပ်ရင်း ၄ ရဲဘော်များကို အခုနှစ် ဇန်နဝါရီက တွေ့ရစဉ်။ (Photo : သရက်ခရိုင်တပ်ရင်း ၄)
Donate to DVB

မကွေးတိုင်းထဲမှာ အင်အားထောင်ချီအသုံးပြုပြီး စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တန်ကို တန်ပြန်တိုက်ခိုက်မှုတွေ ဆောင်ရွက်ဖို့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေကို စုစည်းပြီး ဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်းတွေနဲ့ ယာယီစုဖွဲ့ စစ်ရေးလှုပ်ရှားမှုတွေ ကွပ်ကဲဖော်ဆောင်နေတယ်လို့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရက မေ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လတ်တလောမှာ မကွေးတိုင်းထဲကို စစ်အာဏာရှင်တပ်က စစ်အင်အားထောင်ချီ ဖြည့်တင်းပြီး စစ်ရေးပြင်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မင်းဘူးခရိုင်တပ်ရင်းတခုမှ စစ်ဆင်ရေးမှူးတယောက်က “စလင်း၊ ကံပြား၊ စေတုတ္တရာလမ်းပိုင်းမှာ အင်အား ၁,၀၀၀ လောက်နဲ့ စကမဘက်က (စစ်အာဏာရှင်တပ်) စစ်ကြောင်းထိုးနေတာ၊ ပြင်ဆင်နေတာ ရှိတယ်။ သရက်ခရိုင်ထဲမှာလည်း စစ်ကြောင်းထိုးနေတာတွေရှိတယ်” လို့ ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် အင်အား ရာနဲ့ချီပါဝင်တဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းတွေဟာ သရက်ခရိုင် သရက်-မင်းတုန်းလမ်းပိုင်းအား အသုံးပြုပြီး ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သရက်ခရိုင်တပ်ရင်း ၄ ကလည်း သူတို့ ဒေသထဲကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်း ဖြည့်တင်းနေတဲ့အတွက် အဲဒီစစ်ကြောင်းတွေကို တိုက်ခိုက်ဟန့်ထားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် လတ်တလော စစ်ရေးအခြေအနေအရ သရက်-မင်းတုန်း လမ်းပိုင်းကို မေ ၂၂ ကစပြီး အများပြည်သူ အသုံးမပြုဖို့နဲ့ နောက်ထပ် မထုတ်မပြန်မချင်း ဒီတားမြစ်ချက်က အတည်ဖြစ်တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းထဲက ပုသိမ်-မုံရွာ ပြည်ထောင်စုလမ်းပိုင်းတလျှောက် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း အဲဒီစစ်ကြောင်းတွေကို တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တချို့က ပြောပါတယ်။

နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တယောက်က “ပုသိမ်- မုံရွာ လမ်းပိုင်းရဲ့ အဓိက ချက်ပွိုင့်တွေမှာ သူတို့(စစ်အာဏာရှင်တပ်) ရှိသလို ကျနော်တို့လည်း ရှိတယ်။ အဲဒီလမ်းပိုင်းကို နှစ်ဖက်စလုံးက လွှမ်းမိုးရရှိရေး ကြိုးပမ်းနေတဲ့ အနေအထားပဲ။ အခုက သူတို့လည်း မစိုးမိုးနိုင်၊ ကျနော်တို့လည်း မစိုးမိုးနိုင် အခြေအနေပဲ။ တယောက်တဝက် ထိန်းချုပ်ထားတဲ့သဘောပေါ့” လို့ ရှင်းပြပါတယ်။

မကွေး ဖက်ဒရယ်ယူနစ် ကာကွယ်ရေး စစ်ကြောင်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရသေးတဲ့ မကွေးဖက်ဒရယ်ယူနစ်အတွင်းက ဒေသအခြေပြု/ လူမျိုးစု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောက်ရွက်ကြဖို့ ကြားကာ လမကွေးဖက်ဒရယ်ယူနစ်အစိုးရက ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013