
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိသည်အထိ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိ စစ်ရေးကာလအတွင်း ဘက်ပေါင်းစုံကနေ ကူညီပေးနေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့ မြေပြင်မှာ အတူတကွ တိုက်ပွဲဝင်နေတဲ့ ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်း အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ချင်းပြည်ကို ခုခံကာကွယ်နိုင်ဖို့ ပူးပေါင်းပါဝင်ကြတဲ့ ဒေသခံပြည်သူလူထုကို ဂုဏ်ပြုကြောင်းနဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေ အနေနဲ့လည်း ငွေရေးကြေးရေးနဲ့ ဆေးဝါးရိက္ခာတွေ ဆက်လက်ကူညီပံ့ပိုးပေးကြဖို့ CPU/CPA က မေတ္တာရပ်ခံထားပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ CPU/CPA ဟာ အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့ ဖြစ်ပါတယ်။











