
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၄ သန်းကျော်အထိ ရောက်ရှိလာနေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် စစ်ဘေးရှောင်စာရင်းကို ကြည့်မယ်ဆိုရင် စစ်ဘေးရှောင် အများဆုံးဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၁,၃၃၅,၂၀၀ ယောက် ၃၂ ဒသမ ၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်ပြီး ၅၀၇,၈၀၀ ယောက် ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ မကွေးတိုင်းက ၄၇၃,၇၀၀ ယောက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တတိယအများဆုံး ရပ်တည်နေပါတယ်။
ပဲခူးတိုင်း အရှေ့ပိုင်း ၂၇၅,၇၀၀ ယောက် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်း ၂၆၉,၇၀၀ ယောက် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကရင်ပြည်နယ် ၂၆၈,၂၀၀ ယောက် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် ၂၆၄,၄၀၀ ယောက် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ကရင်နီပြည်နယ် ၁၃၇,၈၀၀ ယောက် ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ချင်းပြည်နယ် ၁၁၇,၉၀၀ ယောက် ၂ ဒသမ ၉ ရာခိုင်နှုန်းရှိပါတယ်။
မန္တလေးတိုင်း ၁၁၆,၃၀၀ ယောက် ၂ ဒသမ ၉ ရာခိုင်နှုန်း၊ မွန်ပြည်နယ် ၉၉,၄၀၀ ယောက် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ၉၅,၂၀၀ ယောက် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ပဲခူးတိုင်းအနောက်ပိုင်း ၄၇,၁၀၀ ယောက် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၂၃,၀၀၀ ယောက် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်း ၂၂,၈၀၀ ယောက် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း ၃,၉၀၀ ယောက် ၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကွင်းဆင်းစာရင်းကောက်ယူဖို့ ခက်ခဲတဲ့ နယ်မြေတွေ ရှိနေတာတို့ကြောင့် စာရင်းမဝင်သေးတဲ့ စစ်ဘေးရှောင် အရေအတွက်မှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့ UNHCR က ဆိုပါတယ်။
Source: UNHCR’s Data











