DVB Logo
Home
နိုင်ငံတကာ
ယူဂန်ဒါ၌ အီဘိုလာမျိုးကွဲ ဘန်ဒီဘူဂီယိုအတွက် ကာကွယ်ဆေးတီထွင်မှု အရှိန်မြှင့်တင်
DVB
·
June 15, 2026
Photo: REUTERS/Gradel Muyisa Mumbere
Photo: REUTERS/Gradel Muyisa Mumbere
Donate to DVB

ယူဂန်ဒါ သိပ္ပံပညာရှင်တွေဟာ နိုင်ငံတဝန်းနဲ့ အိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ပျံ့နှံ့နေတဲ့ လက်ရှိဖြစ်ပွားနေဆဲ အီဘိုလာရောဂါကူးစက်မှုအတွင်း ဘန်ဒီဘူဂီယို မျိုးကွဲကို ထိန်းချုပ်ဖို့ ကာကွယ်ဆေး သုတေသနပြုမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းချက်တွေကို အရှိန်မြှင့်တင်နေကြပါတယ်။

ယူဂန်ဒါဗိုင်းရပ်စ် သုတေသနအင်စတီကျုက သိပ္ပံပညာရှင်တွေဟာ ထိရောက်တဲ့ ကာကွယ်ဆေးတမျိုး တီထွင်ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ 

လက်ရှိမှာ အတည်ပြုထားတဲ့ ကာကွယ်ဆေးတွေ ဒါမှမဟုတ် သီးခြားကုထုံးတွေ မရှိသေးတဲ့ ဘန်ဒီဘူဂီယို ဗိုင်းရပ်စ်မျိုးကွဲဟာ ဇိုင်ယာနဲ့ ဆူဒန် ဗိုင်းရပ်စ်တွေနဲ့အတူ အီဘိုလာရောဂါကို အကြီးအကျယ် ကူးစက်စေတဲ့ အီဘိုလာဗိုင်းရပ်စ် မျိုးစိတ် ၃ မျိုးထဲက တမျိုးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။  

ရှိပြီးသား အီဘိုလာကာကွယ်ဆေး ရွေးချယ်မှုတွေက ဘန်ဒီဘူဂီယို ဗိုင်းရပ်စ်မျိုးစိတ်အတွက် ကာကွယ်မှုပေးနိုင်ခြင်း ရှိ၊ မရှိကို အင်စတီကျုက သုတေသီတွေက စစ်ဆေးနေပြီး တခြား အီဘိုလာမျိုးကွဲတွေကို ကုဖို့သုံးတဲ့ စမ်းသပ်ဆေးဝါးတွေက မျိုးကွဲအသစ်ကို တိုက်ဖျက်နိုင်ခြင်း ရှိ၊ မရှိကိုလည်း လေ့လာနေတယ်လို့ ယူဂန်ဒါ ဗိုင်းရပ်စ်သုတေသန အင်စတီကျုရဲ့ ဒါရိုက်တာ ပွန်တီယာနို ကာလီဘူက CGTN သတင်းဌာနကို ပြောပါတယ်။

ယူဂန်ဒါနိုင်ငံမှာ အတည်ပြုထားတဲ့ အီဘိုလာရောဂါဖြစ်ပွားမှု ၁၉ ခုထဲက အများစုဟာ ကွန်ဂိုနိုင်ငံကနေ ဝင်လာတာလို့ ယူဂန်ဒါနဲ့ ကွန်ဂို ၂ နိုင်ငံလုံးက ကျန်းမာရေးအာဏာပိုင်တွေနဲ့ WHO က ပြောပါတယ်။

မေလလယ်မှာ ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံး ရောဂါဖြစ်ပွားမှုကို ကြေညာခဲ့တာပါ။ သောကြာနေ့အထိ ကူးစက်မှု ၆၈၉ ခုကို အတည်ပြုထားပြီး သေဆုံးသူ ၁၃၉ ယောက်အထိ ရှိလာခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013