DVB Logo
Home
မြန်မာသတင်း
လာအိုနိုင်ငံက တရားမဝင် မြန်မာနိုင်ငံသား ၂၆၀ ကို အကြောင်းမကြားဘဲ ပြန်ပို့
DVB
·
August 25, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

လာအိုနိုင်ငံထဲ အထောက်အထားမဲ့ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၂၆၀ ကို သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေထံ အကြောင်းကြားခြင်းမရှိဘဲ ဩဂုတ် ၂၄ ရက်မှာ ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

ပြန်ပို့ခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး လာအိုနိုင်ငံ မိန်မောဆိပ်ကမ်းကနေ မြန်မာဘက်က ဝမ်ပုံဆိပ်ကမ်းကို စက်လှေနဲ့ ပြန်ပို့ခဲ့တာလို့ တာချီလိတ်ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“လာအိုမှာက အခု အွန်လိုင်းနဲ့ပတ်သက်ပြီး အဖမ်းအဆီး တအားကြမ်းနေတာ။ အဲဒီက ဖမ်းမိတဲ့ ထိုင်းတွေလည်း ထိုင်းကို ပြန်ပို့တယ် ကြားတယ်။ အခုလဲ ဥပဒေမဲ့ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာတွေ ပြန်ပို့တဲ့သဘောပါပဲ။ အမြဲတမ်းဖမ်းတာတော့ မဟုတ်ဘူး။ သူတို့ တနှစ်တခါတော့ အဲဒီလို ဖမ်းတာတွေရှိတယ်၊ ပြီးရင် ပြန်ပို့တာပဲ။”

ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တွန်ဖိန်းမြို့နယ် အတွင်းမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး စီမံချက်နဲ့ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်ပို့ခံရသူတွေထဲမှာ ၃ နှစ်အရွယ်နဲ့ ၅ နှစ်အရွယ် ယောကျ်ားကလေး ၂ ယောက် ပါဝင်ပြီး အမျိုးသား အယောက် ၁၇၀၊ အမျိုးသမီး အယောက် ၉၀ ဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ တာချီလိတ်မြို့ခံတွေထံက သိရပါတယ်။

လက်ရှိမှာ အဲဒီလူတွေကို PSMS စနစ်နဲ့ မှတ်ပုံတင်အချက်အလက်တွေ စစ်ဆေးပြီး မိုင်းဖုန်း(က)အုပ်စု ဝမ်ပုံဘုန်းကြီးကျောင်းမှာ ယာယီထိန်းသိမ်းထားပါတယ်။

လာအိုနိုင်ငံဟာ မြန်မာနဲ့ အိမ်နီးချင်နိုင်ငံဖြစ်တာကြောင့် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သူတွေရှိပြီး မကြာခဏ ဖမ်းဆီးခံရတာတွေ ရှိနေတာကြောင့် သတိထားကြဖို့ ပြည်တွေအကြား သတိပေးမှုတွေလည်း ရှိနေပါတယ်။

Photo: ဒေသခံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013