DVB Logo
Home
မြန်မာသတင်း
ဒလတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားက ရဲစခန်းကို ဝင်တိုက်
DVB
·
October 6, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်တဖက်ကမ်း၊ ဒလမြို့မ ရဲစခန်းဝင်းနံရံကို အဖြူရောင် အိမ်စီးကားတစီး ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်မိထားတာကို အောက်တိုဘာ ၆ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ တွေ့ရပါတယ်။

Honda Fit Shuttle အမျိုးအစား အိမ်စီးကားဟာ ဒလရဲစခန်း အုတ်နံရံ ကျွံဝင်တဲ့အထိ တိုက်ခိုက်ထားတာဖြစ်ပြီး အဲဒီကားဟာ စစ်အာဏာရှင်တပ်ရဲ့ လက်အောက်ခံ ရဲတွေ ကင်းလှည့် လူဖမ်းရာမှာ အသုံးပြုတဲ့ အရပ်သုံးကားဖြစ်တယ်လို့ အနီးဝန်းကျင်မှာ နေသူတချို့က မှတ်ချက်ပြုပါတယ်။

မြို့ခံတယောက်က “ဘယ်အချိန်ကတည်းက ဖြစ်သလဲ မသိဘူး။ ကားကတော့ နံရံထဲ ခေါင်းစိုက်ဝင်နေတာပဲ။ လူထိခိုက်မှု ရှိသလား ဆိုတာလည်း မသိဘူး။ သူတို့က ဖြတ်သွားရင်း လှည့်ကြည့်သူတွေကိုတောင် ပြဿနာရှာချင်နေတဲ့ရုပ်နဲ့ဆိုတော့ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။

နံရံကို ခေါင်းစိုက်ဝင်နေတဲ့ကားကို လမ်းသွားလမ်းလာတွေ စူးစမ်း မှတ်တမ်းတင်တာမျိုး လုပ်မှာကို တားမြစ်ဖို့ စခန်းတခုလုံးက ရဲတွေဟာ ဒလ-တွံတေး ကားလမ်း၊ ရဲစခန်းဘက်ခြမ်း တဝက်အထိ တက်ပြီး လုံခြုံရေးယူ ကာရံထားကြတာကို တွေ့ရပါတယ်။

အဲဒီစခန်းက ရဲတွေဟာ အိမ်စီးကားတွေ အသုံးပြုပြီး လက်အောက်ခံ လူမိုက်၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းကာ ပေါ်တာဆွဲတာ၊ နွေဦးအရေးအခင်းမှာ ပါဝင်ဖူးတဲ့သူတွေကို ဖမ်းဆီးတာတွေ လုပ်လေ့ရှိပါတယ်။

၂၀၂၁ မတ် ၁၆ ရက်မှာ အဲဒီစခန်းက ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ဒလမြို့ခံ ၇ ယောက် သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သလို နောက်ပိုင်းမှာ မြို့ခံလူမိုက်တွေနဲ့ ပေါင်းကာ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေကို ဖမ်းတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013