DVB Logo
Home
နိုင်ငံတကာ
ဝါရှင်တန်ပြည်နယ်၌ တောမီးကြောင့် အဆောက်အအုံ ၇၀၀ ထက်မနည်း ပြာကျ၊ လူ ၆၀,၀၀၀ ကျော် ရွှေ့ပြောင်း
DVB
·
August 4, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်ရဲ့ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်တဲ့ စပိုကိန်းမြို့ပြင်မှာ တောမီးလောင်ကျွမ်းနေတာ ၃ ရက်မြောက် ရှိလာပြီဖြစ်ပြီး အနည်းဆုံး အဆောက်အအုံ ၇၀၀ လောက် ပြာကျသွားခဲ့သလို မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်က လူသောင်းနဲ့ချီပြီး အိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်လို့ တာဝန်ရှိသူတွေက ဩဂုတ် ၃ ရက်မှာ ပြောပါတယ်။

အိုင်ဒါဟိုပြည်နယ် နယ်စပ်အနီး၊ ရော့ကီးတောင်တန်းခြေရင်း အနောက်ဘက်မှာရှိပြီး လူဦးရေ ၂၃၀,၀၀၀ လောက် နေထိုင်တဲ့ စပိုကိန်းမြို့ရဲ့ မြောက်ဘက်အစွန်းမှာ ဩဂုတ် ၁ ရက်က မီး စတင်လောင်ကျွမ်းခဲ့တာပါ။

တနင်္လာနေ့အထိ မီးလောင်ပြင်ဧရိယာ ဧကပေါင်း ၈,၀၀၀ ကျော် (ဟက်တာ ၃,၂၀၀ ကျော်) အထိ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခံထားရသူဟာ တနင်္ဂနွေနေ့က ၄,၀၀၀ လောက်ပဲ ရှိခဲ့ပေမဲ့ တနင်္လာနေ့မှာတော့ ၆၄,၀၀၀ အထိ ရုတ်တရက် မြင့်တက်လာခဲ့တယ်လို့ မတော်တဆမှု ထိန်းချုပ်ရေးစခန်း ကွပ်ကဲရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘင်ဂျမင် ကော့ဆဲလ်က ဆိုပါတယ်။

အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အပါအဝင် အဆောက်အအုံ ၇၀၀ ထက်မနည်း ပြာကျသွားခဲ့ပြီဖြစ်ပြီး ဝေဟင်ကနေ အနီအောက်ရောင်ခြည်စနစ်နဲ့ တိုင်းတာစစ်ဆေးချက်တွေအရ နောက်ထပ် အဆောက်အအုံ ၄၀၀ လောက်လည်း ပျက်စီး၊ ပြာကျသွားနိုင်တယ်လို့ ဆိုပါတယ်။

တဆက်တည်းဖြစ်နေတဲ့ ဒီမီးလောင်မှု ၃ ခုဟာ မိုးခေါင်ရေရှားနေတဲ့ ပစိဖိတ်အနောက်မြောက်ပိုင်း အပါအဝင် အမေရိကန် တနိုင်ငံလုံးမှာ ငြှိမ်းသတ်ဖို့ နံပါတ် ၁ အရေးကြီးဆုံး ဦးစားပေးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီပစိဖိတ်အနောက်မြောက်ပိုင်းဒေသမှာ သီတင်းပတ်ပေါင်းများစွာ ပင်မတောမီးကြီး အများအပြား ဆက်တိုက်လောင်ကျွမ်းနေတာကြောင့် ဒေသတခုလုံးရဲ့ လေထုအရည်အသွေးလည်း ဆိုးရွားစွာ ပျက်စီးနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013